ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၉ ရက်

ပုသိမ်မြို့တွင် ဆိုင်ကယ်လုယက်ခံရမှုများ ပိုမိုဖြစ်ပွားလာသော်လည်း ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း ဒေသခံများမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့တွင် လမ်းသွားလမ်းလာများကို ဆိုင်ကယ်စီး၍ လိုက်လံလုယက်မှုများနှင့် နေအိမ်များအတွင်း ၀င်ရောက်ခိုးယူမှုများ ပိုမိုဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ဖမ်းမိခြင်းတစ်ကြိမ်မှမရှိသေးကြောင်း ဒေသခံများမှ ပြောသည်။

“တစ်ချို့ကလုတဲ့အပြင် လူကိုပါဓါးနဲ့ထိုးသွားသေးတယ်။ ဟိုတစ်လောက မြကျွန်းသာအိမ်ယာနားမှာ ဆိုင်ကယ်သမားတစ်ယောက်အသတ်ခံရသေးတယ်။ ညဘက်ဆိုအပြင် ထွက်ရမှာလန့်နေရတယ်” ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ပုသိမ်မြို့ လမ်းသစ်ဂွရုပ်ထုအဝိုင်းအနီး ဆိုင်ကယ်ကယ်ရီဂိတ်မှ အမျိုးသားတစ်ဦးကိုလူငယ်နှစ်ဦးမှ ငှါးရမ်းပြီး လမ်းတွင်ဆိုင်ကယ်လုယူတစ်ခု ဖြစ်ပွားးခဲ့ကြောင်း သိရသည်။

လုယက်ခံရသည့် အမျိုးသားမှာ ဦးကြည်အေးဟုသိရပြီး လူငယ်နှစ်ဦးမှ ကံကလေးလမ်းဆုံအနီး ကညင်ပင်ကျေးရွာသို့ ငှါးရမ်းသည်ကို လိုက်သွားရာမှ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မနက်ပိုင်းလာငှါးတာ ဟိုရောက်တော့မျက်နှာကို ငရုတ်သီးတွေနဲ့ပွတ်ပြီး လုတာ သူတောင်လိုင်းကားနဲ့ပြန်လာရတယ်။ ကံကလေးလမ်းဆုံမှာ ခုလိုအလုခံရတာ အစီးရေမနည်းတော့ဘူး”ဟု ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မြို့တွင် နေ့စဉ်နေ့တိုင်း စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များက အင်အားအများအပြားဖြင့် ကင်းလှည့်နေသော်လည်း တော်လှန်ရေးအင်အားစုများကိုသာ အဓိကထားဖမ်းဆီးပြီး ရာဇဝတ်မှုကျူးလွန်သူများနှင့် မူးယစ်ဆေးဝါးရောင်းချသူများကို ဖော်ထုတ်ဖမ်းဆီးမှု နည်းပါးကြောင်း မြို့ခံများကသုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ-ဆိုင်ကယ် ကယ်ရီသမားအလုခံရသည့်နေရာနှင့် (ပုသိမ်မြို့)

#ပုသိမ်မြို့ #ဆိုင်ကယ်လုယက်မှု #ကျူးလွန်သူများ #ဖမ်းဆီးနိုင်ခြင်းမရှိ #Ayeyarwaddy_Times