
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
မန္တလေးမှ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားလာနိုင်ပြီဖြစ်ပြီး မန္တလေးမှ နေပြည်တော်ဆိုတာလည်း မဝေးတော့ဘူးဟု MDY-PDF ကဆိုသည်။
၂၀၂၁ ခုနှစ်တုန်းက ရှမ်းမြောက်မှ မန္တလေးတိုင်းကို နေ့ချင်းပြန်ခရီးသွားနိုင်ရန် အိပ်မက်လား တကယ် လားလို့ မေးရလိမ့်မည်ဖြစ်ပြီး ယခုတွင် မန္တလေးတိုင်း မှ ရှမ်းမြောက်ကို နေ့ချင်းပြန်သွားပြီး ရှမ်းခေါက်ဆွဲ စားဖို့ဆိုတာ ဧကန်အမှန်ဖြစ်လာပြီဟု ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က ထုတ်ပြန်ထားသည်။
“ရှမ်းမြောက် -မန္တလေးပြီးရင် မန္တလေးမှသည် နေပြည် တော်ဆိုတာလည်း မဝေးတော့ဘူးဆိုတာ အသေ အချာပါပဲ”ဟု ဆိုသည်။
ထို့အပြင် မဝေးကွာတော့သည့် ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသည့် စစ်သည်၊ စစ်မေများ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသည့် စစ်သည်၊ စစ်မေများကို ဦးညွှတ်ဂုဏ်ပြုကြောင်း MDY-PDF က ပြောသည်။
MDY-PDF အနေဖြင့် ရှေ့သို့ဆက်လက်ချီတက်လျက် ရှိပြီး မန္တလေးတိုင်းအတွင်းရှိ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မတ္တရာမြို့နယ်ရှိ စစ်ကောင်စီ၏တပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်သည်။
ဓာတ်ပုံ-MDY-PDF
#မန္တလေး #ရှမ်းမြောက် #နေ့ချင်းပြန်သွားလာ #နေပြည်တော် #MDYPDF #Ayeyarwaddy_Times