
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
တရုတ် သို့မဟုတ် ရုရှားထံမှ စစ်လက်နက်ဝယ်ယူမှုတွေကို ကူညီနေတဲ့ နိုင်ငံပိုင်ဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့ဖို့ မြန်မာစစ်ကောင်စီရဲ့ အကျဉ်းချမှုကို ၂ နှစ်ကြာ ခံခဲ့ရတဲ့ ဩစတြေးလျနိုင်ငံသား ရှောင်တာနဲလ်က တောင်းဆိုလိုက်ပါတယ်။
ဖြုတ်ချခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန် ထမ်းဆောင်မှုကြောင့် စစ်အာဏာသိမ်းမှုအတွင်း ဩစတြေးလျပညာရှင် ရှောင်တာနဲလ်ဟာ ရက်ပေါင်း ၆၅၀ ကြာအောင် အကျဉ်းချခံခဲ့ရပါတယ်။
မြန်မာစစ်ကောင်စီရဲ့ တစ်ခုတည်းသော အားသာချက်မှာ ခေတ်မီသော စစ်လက်နက်တွေနဲ့ တိုက်လေယာဉ်တွေဖြစ်လို့ နိုင်ငံပိုင်ဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့တာ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူ မှုတွေကို တားဆီးဖို့ အရေးကြီးတယ်လို့ သူက ဆိုပါတယ်။
“ပြည်ပကနေ စစ်လက်နက်တွေဝယ်ယူဖို့ မြန်မာစစ်တပ်ဟာ နိုင်ငံခြားငွေ လိုအပ်ပါတယ်။ မြန် မာစစ်ကောင်စီဟာ နိုင်ငံခြားငွေ လိုအပ်တာကြောင့် နိုင်ငံပိုင်ဘဏ်အားလုံးက နိုင်ငံခြားငွေရရှိဖို့ နည်း လမ်းအားလုံးသုံးပြီး ကြိုးပမ်းနေပါတယ်” လို့ ၎င်းက ပြောပါတယ်။
ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုအချို့ ပြုလုပ်ခဲ့ပေ မယ့် အရေးယူမှုတွေ တိုးချဲ့နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်၊ ဉရောပသမဂ္ဂနဲ့ အခြားအစိုးရတွေက စစ်တပ်ထိန်းချုပ် ကုမ္ပဏီတွေ၊ ဘဏ်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးနောက် စစ်ကောင်စီဟာ နိုင်ငံခြားငွေရရှိဖို့ အသုံးပြုတဲ့ဘဏ်တွေ ပြောင်းလဲပြီး နိုင်ငံတကာရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကိုးကား – AAP
Ref; Former junta prisoner calls for more Myanmar sanctions
#Ayeyarwaddy_Times