ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ မောင်ရွှေလေး ရေတပ်စခန်းကို အာရက္ခတပ်တော် (AA) က သိမ်းယူ လိုက်ပြီဖြစ်ကြောင်း သိရသည်။
သံတွဲမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်စခန်းကို ယနေ့ ဩဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် AA က သိမ်းယူလိုက်ပြီး လက်နက်ခဲယမ်းများပါရရှိကာ နယ်မြေရှင်း လင်း ရေးလုပ်ဆောင်နေကြောင်း သိရသည်။
“ထွက်ပြေးသွားသူတွေကို လိုက်လံဖမ်းဆီးနေပါတယ်။ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီလို့ သိထားပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဩဂုတ် ၂၅ ရက်နေ့က မောင်ရွှေလေးရေတပ်စခန်းတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားခဲ့ပြီး AA က ရှော့တိုက်ဒုံးများဖြင့်ပါ ပစ်ခတ်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ ဗိုလ်မှူး နှင့် အရာရှိများပါ သေဆုံးခဲ့ကြပြီး စစ်သင်္ဘောများပါ ထိခိုက်ပျက်စီးမှုရှိကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက အလံဖြူထောင်ကာ စခန်းစွန့်ခွာထွက်ပြေးသူများ ယမန်နေ့ကအထိရှိ ခဲ့ပြီး ယနေ့ နံနက်တွင် AA က စခန်းသိမ်းယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အလံဖြူထောင်ကာ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေတပ်အနီးရှိ တောင်ပေါ်နှင့် ကျေးရွာများအတွင်းသို့ ဝင်ရောက်ထွက်ပြေး သွားကြကြောင်း သိရသည်။
စစ်ကောင်စီဘက်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် အတွက် မော်ရုံကျေးရွာအတွင်း အရပ်သား ဒါဇင်နှင့်ချီသေဆုံးမှုရှိကြောင်း သိရသည်။
ယခု မောင်ရွှေလေးရေတပ်စခန်းကို ဆုံးရှုံးလိုက်ရ ခြင်းမှာ စစ်ကောင်စီအတွက် ပထမဦးဆုံးရေတပ်စခန်းကြီးကို လက်လွှတ်လိုက်ရခြင်းဖြစ်ပြီး မောင်ရွှေလေးရေတပ်စခန်းကို ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်နေ့မှစတင်ကာ AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး တစ်လကျော်ကြာ တိုက်ခိုက်ခဲ့ရခြင်းဖြစ် သည်။
စစ်ကောင်စီသည် မောင်ရွှေလေး ရေတပ်စခန်း တပ်မကျစေရေးအတွက် စစ်ကောင်စီက ကြည်း၊ရေ၊လေမှ စစ်ကူဖြည့်ကာ လက်နက်ကြီးများဖြင့် ခုခံမှုပြုလုပ်ခဲ့သော်လည်း သံတွဲတွင် လေဆိပ်သာမကဘဲ ရေတပ်စခန်းကိုပါ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
ပုံစာ-သံတွဲရှိ မောင်ရွှေလေးရေတပ် ကို စစ်ခေါင်းဆာင်သွားရောက်ခဲ့စဥ် (ပုံဟောင်း)
ပုံစာ- ၂၀၂၃ခုနှစ် စစ်တွေ မေယုမီးပြတိုက်အနီး စစ်ရေးပြနေသော စစ်ကောင်စီ စစ်သင်္ဘောများ
#ရခိုင် #သံတွဲ #မောင်ရွှေလေး #ရေတပ်စခန်း #AAသိမ်းပိုက် #Ayeyarwaddy_Times