
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးမှာ နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယမ်ပေါင်ဆာ ကတိပြုခဲ့တဲ့အတိုင်း ထိုင်းနိုင်ငံ ဟာ ယမန်နေ့က မြန်မာပဋိပက္ခအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် ဘတ် ၉ သန်း ထပ်မံ လှူ ဒါန်းခဲ့ပါတယ်။
မြန်မာပြည်သူတွေကို ကူညီဖို့ အာဆီယံ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက် ရေးစင်တာ (AHA Centre) သို့ ဘတ် ၉ သန်း လှူဒါန်းရာမှာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်း အ တွင်းဝန် အက်ဆီရီပင်တာရူချီက ထိုင်းနိုင်ငံကို ကိုယ်စားပြုခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုလုပ်ငန်းကို ပံ့ပိုးကူညီဖို့ ၂၀၂၁ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံဟာ ဒေါ်လာ ၄၅၀၀၀၀ ထောက်ပံ့ခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
အဆိုပါထောက်ပံ့မှုတွေကို ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော် မတီ (ICRC) မှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပေးအပ်ခဲ့တာလို့ သူက ဆိုပါ တယ်။
“ဒီလူသားချင်းစာနာမှု အကူအညီကြောင့် အာဆီယံ စာနာမှုစင်တာက ရောက်ရှိဖို့ခက်ခဲတဲ့ ဒေသ တွေနေ ဘေးသင့်ပြည်သူတွေထံ အကူအညီပေးမှု တိုးမြှင့်လာဖို့ ထိုင်းနိုင်ငံက မျှော်လင့်တယ်” လို့ သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာပြည်သူတွေထံ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တိုးမြှင့်ဖို့နဲ့ ဒီရည် မှန်းချက် ဖော်ဆောင်ရာမှာ သက်ဆိုင်ရာ မိတ်ဖက်တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ သံန္နိဌာန်ချထားတယ်လို့ သူက ရှင်းပြပါတယ်။
မြန်မာပြည်သူတွေ အကျိုးဖြစ်စေဖို့ ထိုင်းနိုင်ငံရဲ့ အာဆီယံအဖွဲ့နဲ့ အပြုသဘောဆောင်သော ထိ တွေ့ဆက်ဆံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုက အားဖြစ်စေတယ်လို့ AHA Centre ရဲ့ အမှုဆောင် ညွှန်ကြား ရေးမှူး လီယမ်မင်က ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; B9m donation to aid Myanmar’s humanitarian efforts
#Ayeyarwaddy_Times