
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်မှုတွေလိုမျိုး တစ် ကျော့ပြန်ဖြစ်လာမှာကို စိုးရိမ်တယ်လို့ ကုလသမဂ္ဂအဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတပ်ခ်က မြန်မာနိုင်ငံတစ်ဝှမ်း အ ခြေအနေ သိသိသာသာ ဆိုးရွားလာတာကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောခဲ့ပြီး ရာပေါင်းများစွာသော အရပ်သားတွေဟာ တိုက်ပွဲတွေကြောင့် ထွက်ပြေးဖို့ကြိုးစားနေစဉ် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်ဂိတ်တွေ ပိတ်ပင်ထားလို့ ရိုဟင်ဂျာတွေဟာ အရင်လို ဘင်္ဂလား ဒေ့ရှ်သို့ ထွက်မပြေးနိုင်ပဲ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ပိတ်မိနေတယ်လို့လည်း သူက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဟာ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုအ တွက် တာဝန်ယူဖို့ ငြင်းဆန်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နယ်စပ်နေ ရိုဟင်ဂျာ ၇၀၀၀၀၀ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရတာ ဒီလမှာဆိုရင် ၇ နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ ကမ္ဘာကြီးက လက်မခံဘူးလို့ဆိုပေ မယ့် ရခိုင်ပြည်နယ်မှာ သတ်ဖြတ်မှုတွေ၊ ဖျက်ဆီးမှုတွေနဲ့ အိုးအိမ်စွန့်ခွာရတာတွေိကို ကျွန်တော်တို့ ထပ် ကြုံတွေ့နေရပါတယ်” လို့ သူက ပြောပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မြန်မာစစ်တပ်နဲ့ အေအေတို့ကို ဗော်လ်ကာ တပ်ခ်က တောင်းဆိုခဲ့ပြီး ရိုဟင်ဂျာတွေကို ကာကွယ်ပေးမယ့် လိုအပ်သော အစီအမံတွေအားလုံး လုပ် ဆောင်ဖို့ ၎င်းက အာဆီယံအဖွဲ့ကို တိုက်တွန်းလိုက်ပါတယ်။
ကိုးကား – VOA
Ref; UN fears repeat of 2017 atrocities against Rohingyas
#Ayeyarwaddy_Times