ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံမှုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ပံ့ပိုးကူညီမယ်လို့ အမေရိ ကန်နိုင်ငံက မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေ အကြမ်းဖက်ခံရမှု ၇ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ကတိပြု လိုက်ပါတယ်။

“အမေရိကန်နိုင်ငံက ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှုမှာ အသက်ရှင်ကျန်ရစ်သူတွေနဲ့ အတူ ရပ်တည်ပြီး ရိုဟင်ဂျာအသိုင်းအဝိုင်းတွေ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကျပ်အတည်းဘေးသင့် သူတွေကို အကူအညီပေးဖို့ သံန္နိဌာန်ချထားပါတယ်” လို့ ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်ခံရမှု အောက် မေ့ဖွယ်နေ့ အခမ်းအနား ထုတ်ပြန်ချက်တစ်ခုအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင် ကန်က ပြောပါတယ်။

မြန်မာနိုင်ငံတွင်းက လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘာသာရေးလူနည်းစု အထူးသဖြင့် ရိုဟင်ဂျာတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပိုဆိုးစေတယ်လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့သော ၇ နှစ်အတွင်း အမေရိကန်နိုင်ငံဟာ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံနီးပါး ပံ့ပိုးကူညီခဲ့ပြီး ရိုဟင်ဂျာတွေနဲ့ အရပ်သားအားလုံးအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှု တွေကို မှတ်တမ်းတင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“ဒီမိုကရေစီဆန်သော၊ အားလုံးပါဝင်သော၊ ငြိမ်းချမ်းသော အနာဂတ်တစ်ရပ်ဖြစ်ပေါ်ရေး မြန်မာ ပြည်သူတွေရဲ့ မျှော်မှန်းချက်တွေအတွက် ကျွန်တော်တို့ရဲ့ ထောက်ခံမှုက မဆုတ်မနစ်ဖြစ်ပြီး အရပ်သား တွေကို ကာကွယ်ပေးဖို့ အဖွဲ့အစည်းအားလုံးကို တောင်းဆိုပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါ တယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေကို နေရပ်ပြန်ခေါ်ဖို့ သဘောတူခဲ့ပေမယ့် ဘေးကင်းမှုနဲ့ ရခိုင်ပြည် နယ်ရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ရိုဟင်ဂျာတွေကြား ယုံကြည်မှုမရှိတာကြောင့် အစီအစဉ်က ၂ ကြိမ်စလုံး မအောင်မြင်ခဲ့ပါဘူး။

ကိုးကား – Dhaka Tribune
Ref; US reaffirms support for Rohingya genocide survivors

#Ayeyarwaddy_Times