ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

ယမန်နေ့ညပိုင်းက နာခွန်ရတ်ချာစီမာပြည်နယ်၊ ပတ်ခ်ချွန်ခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခု ပြိုကျပြီးနောက် မြန်နှုန်းမြင့်ရထားလမ်း ဉမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိနေသူ ၃ ဉီးကို ကယ်ဆယ်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ကြိုးစားနေတယ်လို့ သိရပါတယ်။

အလုပ်သမားနှစ်ယောက်ဟာ စနေနေ့ည ၁၁ နာရီ ၃၀ မိနစ်က ဘတ်ဟိုးတစ်စင်း၊ ထရပ်ကား တစ်စင်းနဲ့ လိုဏ်ခေါင်းတူးဖော်နေစဉ် ဥမင်လိုဏ်ခေါင်း ပြိုကျခဲ့တာပါ။

ကားတစ်စင်းနဲ့ရောက်လာတဲ့ အလုပ်သမားခေါင်းက ဉမင်လိုဏ်ခေါင်းအတွင်း ပိတ်မိသွားတဲ့ တတိယမြောက်ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဉမင်လိုဏ်ခေါင်း ပြိုကျချိန်မှာ မိုးရွာသွန်းမှု မရှိဘူးလို့ သိရပါတယ်။

ပျောက်ဆုံးနေသူ ၃ ဦးအနက် နှစ်ဉီးက တရုတ်လူမျိုးတွေဖြစ်ပြီး နောက်တစ်ဉီးက မြန်မာနိုင်ငံ သားလို့ တာဝန်ရှိသူတွေက နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ပြိုကျမှုဖြစ်တဲ့ ဉမင်လိုဏ်ခေါင်းအပိုင်းက ဝင်ပေါက်ကနေ ၄ ကီလိုမီတာခန့်မှာဖြစ်ပြီး ကယ် ဆယ်ရေးလုပ်သားတွေက မြေတူးစက်တွေသုံးပြီး ပိတ်မိသူတွေကို ကယ်ဆယ်ဖို့ ကြိုးပမ်းနေပါတယ်။

ပြိုကျတဲ့အပိုင်းဟာ ဉမင်လိုဏ်ခေါင်းနံရံတွေ တည်ဆောက်နေတဲ့နေရာကနေ ၃၀ မီတာအထိ ရှိ မယ်လို့ ကနဉီး စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

ထိုင်းအစိုးရဟာ ဗန်ကောက်မြို့နဲ့ နာခွန်ရတ်ချာစီမာပြည်နယ်ကြား ချိတ်ဆက်မယ့် ၂၅၁ ကီလိုမီ တာရှည်လျားတဲ့ တရုတ်-ထိုင်း မြန်နှုန်းမြင့်ရထားလမ်းကို တည်ဆောက်နေပြီး အဆိုပါစီမံကိန်းဟာ ၂၀၂၈ ခုနှစ်မှာ ပြီးစီးမယ်လို့ မျှော်မှန်းရပါတယ်။

ကိုးကား – Bangkok Post
Ref; Train tunnel being built in NE Thailand collapses, trapping 3

#Ayeyarwaddy_Times