‎ဧရာဝတီတိုင်းမ်
‎အောက်တိုဘာ ၂၃ ရက်
‎

‎ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ယနေ့ အောက်တိုဘာ ၂၃ ရက်၊ နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် တာပိန်မြစ်ကူးတံတား ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
‎

‎တိုက်ပွဲများ ဖြစ်ပွားနေသည့် ဗန်းမော် – မံစီ – မိုးမောက် တစ်ကြောတွင် မိုးမောက်မြို့နယ် အထက် တာပိန်တံတားကို ယနေ့နံနက် ၁၀ နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ တိုက်ခိုက်မှုကြောင့် မြို့သစ်ရှိ တံတားမှာ ဗုံးထိမှန်၍ ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်‌ကြောင်း ကချင် သတင်းရင်းမြစ်များထံမှ သိရသည်။
‎

‎”ဂျက်ဖိုက်တာတွေနဲ့ လာကြဲတာ။ တံတားတွေ ပျက်စီးကုန်တယ်။ မိုးမောက်က KIAသိမ်းပိုက်နယ်မြေပါ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
‎

တံတားဦးတက် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် မိုးမောက်ရှိ ကြိုးတံတားနှင့် သံဘောင်တံတား နှစ်စင်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။
‎

‎ထို့အပြင် ကချင်ပြည်နယ်အတွင်း၌ စစ်တပ်က စစ်ကြောင်းထိုးလာမှုကြောင့် KIA ပူးပေါင်းတပ်များနှင့် အပြင်းအထန် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း KIA သတင်းရင်းမြစ်ထံမှ သိရသည်။
‎

‎ဗန်းမော်မြို့နယ်ဘက်တွင်လည်း ဗန်းမော်မှ မန်စီဘက်သို့ ထွက်သည့် ခလရ ၄၇ တပ်ရင်းမှ စစ်ကြောင်းထိုးလာနေပြီး ဗန်းမော် သုံးမိုင်အနီးမှ မိုးမောက်ဘက်သို့ သွားသည့် လမ်းပိုင်းများတွင်ပါ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
‎
‎ဓာတ်ပုံ- Lung Jung LA N