
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၅ ရက်
ဧရာ၀တီတိုင်း၊ ကြံခင်းမြို့နယ်၊ ပေါက်တိုင်းရွာတွင် နေထိုင်သော အမျိုသမီးတစ်ဦးကို လူမှုကွန်ရက်တွင်”PDFများကိုကြိုဆိုနေသည်”ဟု မှတ်ချက်ပေးမှုဖြင့်ဖမ်းဆီးအမှုဖွင့်ခံရကြောင်းသိရှိရသည်။
သြဂုတ်လ ၂၃ရက်နေ့တွင် စစ်ကောင်စီတပ်နှင့်ရဲများမှ ကျေးရွာအတွင်း ရောက်လာပြီး အသက်၃၀အရွယ် မထက်နန္ဒာလွင်အား facebookတွင် တင်ထားသော စာများနှင့်ပတ်သတ်ပြီးစစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှသိရှိရသည်။
“သူ့ကနံမည်အရင်းအတိုင်းပဲfacebookသုံးတာပုံအမှန်ပဲတင်တာ။ သတင်းတစ်ခုမှာ PDFတွေ ကိုပြည်သူတွေက ကြိုနေတာတက်လာတော့ သူလဲစိတ်ခံစားချက်အရ ကွန့်မန့်၀င်ရေးလိုက်တာ အဲ့တာကို ရအောင်လာဖမ်းတယ် တစ်ကယ့်မြို့မှာခိုးဆိုးလုတွေကြတော့ တစ်ခါမှမဖမ်းဘူး”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
မထက်နန္ဒာလွင်၏ လက်ကိုင်ဖုန်းကို သိမ်းဆည်းသွားပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သတ်မှုရှိမရှိနှင့် ငွေလှူဒါန်းခြင်းများကို စစ်ဆေးနေသည်ဟုဆိုကာ ယနေ့အထိမိသားစုနှင့်တွေ့ခွင့်မရကြောင်းသိရှိရသည်။
လက်ရှိတွင် မထက်နန္ဒာအောင်အားကြံခင်းမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၅၂(က)၊ ၅၀၅(က)၊အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများနှင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရှိရသည်။
#ကြံခင်းမြို့နယ် #အမျိုးသမီး #PDF #လူမှုကွန်ရက် #မှတ်ချက်ရေး #ဖမ်းဆီး #Ayeyarwaddy_Times