ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်

တရုတ်နဲ့အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့က မြန်မာပဋိပက္ခနဲ့ ဂါဇာဒေ သ အစ္စရေးစစ်ပွဲအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပေကျင်းမြို့တော်မှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်နိုင်မယ့်နည်းလမ်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရတ်နိုမာဆူဒီဟာ ပေကျင်းမြို့တော်မှာကျင်းပတဲ့ ၅ ကြိမ်မြောက် တရုတ်-အင်ဒိုနီးရှား ပူးပေါင်း ဆောင်ရွက်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို ပူးတွဲဉက္ကဌအဖြစ်ဆောင်ရွက်ဖို့ အင်ဒိုနီးရှား ကိုယ်စား လှယ်အဖွဲ့နဲ့အတူ ကြာသပတေးနေ့က ရောက်ရှိလာခဲ့တာပါ။

“နှစ်ဖက်စလုံးက မြန်မာ့အရေး၊ ဂါဇာပဋိပက္ခနဲ့ အခြားကိစ္စရပ်တွေနဲ့ပတ်သက်လို့ အမြင်ချင်း ဖ လှယ်ခဲ့ကြပါတယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု ခိုင်မာစေဖို့နဲ့ အဓိက အကျိုးစီးပွားတွေကို ကာ ကွယ်စောင့်ရှောက်ရာမှာ ခိုင်မြဲစွာ အပြန်အလှန် ထောက်ခံဖို့ နှစ်နိုင်ငံစလုံးက လုပ်ဆောင်သင့်တယ်လို့ ဝမ်ယိက ပြောပါတယ်။

နှစ်နိုင်ငံကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုက သိသိသာသာ ကြီးထွားလာလို့ တရုတ်နိုင်ငံဟာ အင်ဒိုနီး ရှားရဲ့ အရေးပါဆုံး မဟာဗျူဟာမြောက် မိတ်ဖက်တစ်နိုင်ငံဖြစ်လာခဲ့တယ်လို့ ရတ်နိုမာဆူဒီက ပြောပါ တယ်။

ကိုးကား – Yeni Safak
Ref; Top Chinese, Indonesian diplomats discuss Myanmar, war on Gaza

#Ayeyarwaddy_Times