ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၄ ရက်

ရက္ခိုင့်တပ်တော် (AA) ရဲ့ တိုက်ခိုက်မှုမှ ဘူးသီးတောင်မြို့ကို ခုခံကာကွယ်ရာမှာ ပူးပေါင်းဖို့ မြန် မာစစ်ကောင်စီက ARSA ကို ချည်းကပ်ခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၂၄ ရက်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ The Diplomat နဲ့ အင်တာဗျူးတစ်ခုမှာ AA က ဖမ်းဆီးရမိတဲ့ မြန်မာစစ်တပ်မှ ဗိုလ်မှူး လှိုင်ဝင်းထွန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်တွေ အပါအဝင် ရခိုင်ပြည်နယ်မှ ရာပေါင်းများစွာသော ရိုဟင်ဂျာလူငယ်တွေကို အဓမ္မ စုဆောင်းကာ လေ့ကျင့် ပေးမှုဖြစ်စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ARSA နဲ့ ပူးပေါင်းမှုကို ဝန်ခံခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့တပ်ရင်းက ARSA နဲ့ မဟာမိတ်ဖွဲ့ဖို့နဲ့ ဘူးသီးတောင်မြို့နယ်အတွင်း အကြမ်းဖက်မှုတွေ ကျူးလွန်မှုအတွက် တာဝန်မရှိဘူးလို့ ဘူးသီးတောင်မှာ တာဝန်ကျတာ ၂ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူး လှိုင်ဝင်း ထွန်းက ပြောပါတယ်။

စစ်ထောက်လှမ်းရေးတပ်ရင်း (စရဖ) မှ ဗိုလ်ကြီးတစ်ဉီးနဲ့ ဗိုလ်မှူးကြီးတစ်ဉီးဟာ ARSA နဲ့ ပူး ပေါင်းကာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေရဲ့ နေအိမ်တွေကို မီးရှို့မှု၊ လုယက်မှုတွေလုပ်ဖို့ ARSA အဖွဲ့ ဝင်တွေကို ခိုင်းစေခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

ရသေ့တောင်မြို့ကို AA ထံ ဆုံးရှုံးပြီးနောက် မြန်မာစစ်တပ်ဟာ ARSA နဲ့ ပူးပေါင်းဖို့ စီစဉ်ခဲ့ပြီး ရိုဟင်ဂျာလူငယ် ၇၅၀ ကို ရသေ့တောင်မြို့အနီးရှိ စစ်စခန်းတွေမှာ လေ့ကျင့်ပေးခဲ့တယ်လို့ သူက ဆိုပါ တယ်။

ဘူးသီးတောင်မြို့ကို မီးရှို့တဲ့အချိန်မှာ ARSA နဲ့ လေ့ကျင့်ထားတဲ့ ရိုဟင်ဂျာလူငယ်တွေက မြို့ ထဲက နေအိမ်တွေကို လုယက်ဖို့ အနီးအနားကျေးရွာတွေမှ သူတို့ရဲ့ဆွေမျိုးတွေကို ခေါ်ယူခဲ့တယ်လို့ သူ က ဆက်ပြောပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့အင်အားက လျော့နည်းလာခဲ့ကြောင်း၊ စစ်တပ်ဟာ အဆင့်အသီးသီးမှာ ပြင်းထန်သော စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပြီး ထိပ်ပိုင်းအဆင့်က အဆိုပါစိန်ခေါ်မှု တွေကို လျစ်လျှူရှုထားတယ်လို့ သူက ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ မြန်မာစစ်တပ်ဟာ စိတ်ဓာတ်ရေးရာနဲ့ ကိုယ်ကျင့်သိက္ခာ ကျဆင်းနေပြီး ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးလို့ ၎င်းက ထောက်ပြပါတယ်။

တော်လှန်ရေးအဖွဲ့အားလုံး စည်းလုံးညီညွတ်ရင် မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာ ရှုံးနိမ့်မယ့် စစ်ကောင်စီကို ဖြိုခွင်းလိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ညီညီညွတ်ညွတ် ပူးပေါင်းရမယ်လို့ သူက ပြောပါတယ်။

ကိုးကား – The Diplomat
Ref; Captured Myanmar Soldier: Army Joined Hands With ARSA Against Arakan Army Advance

#Ayeyarwaddy_Times