ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်

ဥရောပတိုက်ရှိ ဒီမိုကရေစီနိုင်ငံ ၂၆ ခုမှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ ကိုယ်စားလှယ်တွေဟာ မနေ့က ဒိန်း မတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော် စုပေါင်းထောက်ပံ့ဖို့ ကတိပြုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံအတွက် လက်နက်တွေ၊ သင်တန်းပေးရေးနဲ့ မိုင်းရှင်းလင်းမယ့်အစီအစဉ်တွေ လုပ်ဆောင် ဖို့ စုပေါင်းပံ့ပိုးမယ်လို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး မော်တန်ဘော့ စကော့ဗ်က ကြေညာခဲ့ပါတယ်။

“၂၆ နိုင်ငံနဲ့ ဥရောပသမဂ္ဂဟာ ကိုပင်ဟေဂင်မြို့တော်မှာ တွေ့ဆုံခဲ့ပြီး ရှင်းလင်းတဲ့ သတိပေးမှုတစ်ခု ပေးပို့ခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ တိုက်ပွဲဝင်တာ ကျွန်တော်တို့ တိုက်ပွဲဝင်တာဖြစ်ပြီး ကျွန်တော်တို့ ယူကရိန်းနဲ့အ တူ ရပ်တည်ပါတယ်” လို့ ၄င်းက ပြောပါတယ်။

ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှုတိုးမြှင့်ရေးနဲ့ ယူကရိန်းစစ်သည်တွေကို လေ့ကျင့်ပေးရေးသာမက ရေ ရှည်မှာ လက်နက်ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုတိုးမြှင့်ရေးကိုပါ ဆွေးနွေးခဲ့တယ်လို့ သူက ဆိုပါတယ်။

ပိုလန်၊ ဆလိုဗက်ကီးယားနဲ့ ချက်သမ္မတနိုင်ငံတို့က အမြောက်လက်နက်၊ ခဲယမ်းမီးကျောက်နဲ့ အခြား စစ်လက်နက်ကိရိယာတွေ ထုတ်လုပ်မှုတိုးမြှင့်ဖို့ ပြောကြားခဲ့တယ်လို့ ဘော့စကော့ဗ်က ပြောပါတယ်။

ယူကရိန်းသို့ပေးအပ်မယ်လို့ ဇွန်လနှောင်းပိုင်းက ကြေညာခဲ့တဲ့ စစ်ရေးအကူအညီ ဒေါ်လာ ၁ ဒသမ ၂ ဘီ လီယံအနက် ဒေါ်လာ ၃၀၄ သန်း ကျော်ကို ထောက်ပံ့မယ်လို့ ဗြိတိန်နိုင်ငံက ကတိပြုပါတယ်။

ယူကရိန်းအတွက် လက်နက်နဲ့ သင်တန်းပေးဖို့ ဒိန်းမတ်နိုင်ငံက ဒေါ်လာ ၁၁၃ သန်းကျော် ထပ်မံ ကူ ညီမည်ဖြစ်သလို ဒိန်းမတ်တပ်ဖွဲ့ဝင် ၁၃၀ က ယူကရိန်းစစ်သည်တွေကို လေ့ကျင့်ပေးနေပါတယ်။

လှူဒါန်းလိုက်တဲ့ငွေကြေးတွေကို အရေးပါတဲ့ လက်နက်ခဲယမ်းတွေထုတ်လုပ်ရာမှာ သုံးစွဲမယ်လို့ ယူက ရိန်းသမ္မတ ဇီလန်စကီးက အွန်လိုင်းမှတစ်ဆင့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ကိုးကား – UPI
Ref; Western nations pledge $1.5B in military aid to Ukraine