နိုင်/ဧရာဝတီတိုင်းမ်
(ရေးမြို့)၊ ဩဂုတ်လ ၁၂ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဩဂုတ်လ ၁၂ ရက်နေ့က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အိမ်ခြေ ၃၀၀ ကျော်လောက် ရေဘေးသင့်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ဟံဂံကျေးရွာနေပြည်သူတွေဟာ မိုး ၃ ရက်လောက်အဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ဩဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းကစတင်ကာ နေအိမ်တွေထဲ ရေတွေဝင်ပြီး စတင်နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ မနေ့က ညနေစောင်း တောင်ကျရေတွေများလို့ ရွာထဲရေတွေဝင်လာပြီး ရေကြီးတာ လောလောဆယ်တော့ အိမ်ခြေ ၃၀၀ ကျော်လောက်ရေနစ်မြုပ်နေတယ်”လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ရေနစ်မြုပ်တဲ့နေအိမ်တွေက ပြည်သူတွေဟာ နီးစပ်ရာ အမျိုးတွေနေအိမ်တွေ နှစ်ထပ်မြင့်အိမ်တွေမှာ ရွှေပြောင်းပြီး ပြောင်းရွှေ့နေထိုင်ရတယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းမှုမရပ်ရင် ရေပိုကြီးလာနိုင်လို့ စားသောက်စရာတွေနဲ့ ဆေးဝါးအကူညီတွေလိုအပ်လာနိုင်တယ်လို့ ဒေသခံအများစုက ပြောဆိုပါတယ်။

ဓာတ်ပုံ – ဟံဂံကျေးရွာကို ယနေ့မနက်ပိုင်းတွင် ရေဝင်ရောက်နေသည့်မြင်ကွင်းများဖြစ်ပါသည်။(Banyar Aung Myat Thu)