
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
မြန်မာနိုင်ငံတွင် ယခု ၁၀၂၄ ခုနှစ် နှစ်စမှ ဇွန်လကုန်အထိ ခြောက်လတာအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲတက်သည့် စစ်လက်ကျန်ပစ္စည်းများ ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၆၉၂ ဦးရှိပြီး ၎င်းတို့၏ ၃၂ ရာခိုင်နှုန်းမှာ ကလေးများဖြစ်ကြောင်း ယူနီဆက်(ဖ်)မြန်မာ (UNICEF Myanmar) ကထုတ်ပြန်ထားသည်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူများအနက် ရှမ်းပြည်နယ်တွင် ထိခိုက်မှုအများဆုံးခံစားခဲ့ရကာ စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်သည် တတိယထိခိုက်မှုအများဆုံးဖြစ်ကြောင်း သိရသည်။
မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ စုစုပေါင်း ၁၀၂ ဦး နှင့် ဒဏ်ရာရရှိသူ ၅၉၀ ဦးအနက် သေဆုံးသူ ကလေးအရေအတွက်မှာ ၄၃ ဦး အထိပါရှိကာ ၁၇၇ ဦး ဒဏ်ရာရရှိ ထားကြောင်း သိရသည်။
သေဆုံးထိခိုက်သူများ၏ ၃၂ ရာခိုင်နှုန်းအထိ ကလေးများ ပါဝင်နေခြင်းမှာ ပဋိပက္ခများအတွင်း အရပ်သားထိခိုက် ခံစားရမှုအခြေအနေများကို ထင်ဟပ်ပြသနေခြင်း ဖြစ်ကြောင်း UNICEF Myanmar က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ် ခြောက်လတာ အစီရင်ခံစာအရ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၆၉၂ ဦး မှာ ယမန်နှစ် တစ်နှစ်လုံးစာထိခိုက်သေဆုံးသူ အရေအတွက် ၁၀၅၂ ဦး ၏ ထက်ဝက်ကျာ်မျှ ရှိနေပြီ ဖြစ်ကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည့် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ် သောပစ္စည်းများ ဖြစ်ရပ်သတင်းအချက်အလက်များ အစီရင်ခံစာအရသိရသည်။
ဓာတ်ပုံ – UNICEF Myanmar
#မြေမြှုပ်မိုင်း #စစ်လက်ကျန်ပစ္စည်း #ပေါက်ကွဲပစ္စည်း #ကလေး #အရပ်သား #ထိခိုက်သေဆုံး #UNICEF #Ayeyarwaddy_Times