
(ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်မခံရသရွေ့ အကြမ်းဖက်မှု သံသရာလည်နေမယ်လို့ သတိပေး)
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
လွန်ခဲ့သော ၇ နှစ်ကတည်းက ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ပေမယ့် ရာဇ ဝတ်မှုတွေအတွက် ဘယ်သူမှ တာဝန်မခံဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ရဲ့အကြီးအကဲက ပြောပါတယ်။
ဒီသီတင်းပတ်ဟာ မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အကြမ်းဖက် မှုတွေ ကျူးလွန်ကာ မောင်းထုတ်ခဲ့တာ ၇ နှစ်ပြည့်ပြီလို့ IIMM အကြီးအကဲ Nicholas Khumjian က ပြောပါတယ်။
“ရိုဟင်ဂျာတွေဟာ ချစ်ခင်ရသူတွေနဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ဆုံးရှုံးခဲ့ပြီး အများအပြားဟာ ကြောက်မတ်ဖွယ်ရာ လိင်အကြမ်းဖက်မှုတွေ ကြုံတွေ့ခဲ့ရတယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှ ရိုဟင်ဂျာအများစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေပေမယ့် မြန်မာ နိုင်ငံသို့ ဘေးကင်းစွာ နေရပ်ပြန်ရမယ့်နေ့ရက်ကို စောင့်ဆိုင်းနေတယ်လို့ ၎င်းက ဆိုပါတယ်။
ကြောက်မတ်ဖွယ်ရာ ရာဇဝတ်မှုတွေအတွက် အခုချိန်ထိ ဘယ်သူကမှ တာဝန်မခံခဲ့ဘဲ မြန်မာနိုင် ငံမှ ပြစ်မှုကျူးလွန်သူတွေဟာ အကျိုးဆက်တွေကို မကြောက်ရွံ့ဘဲ လူမဆန်သော လုပ်ရပ်တွေကို ဆက် လက် ကျူးလွန်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“ရာဇဝတ်မှုတွေ အပြစ်ပေးမခံရရင် အကြမ်းဖက်မှုတွေ ပိုမို ဖြစ်လာနိုင်ပါတယ်။ ဒီလို ပြစ်ဒဏ် ကနေ သက်ညှာခွင့်ရနေတဲ့သံသရာကို ချိုးဖျက်ရာမှာဖြစ်ပါတယ်” လို့ Nicholas Khumjian က ဆိုပါ တယ်။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တာ ကြီးမားလာတာကြောင့် ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာခဲ့တယ်လို့ ၎င်းက ထောက်ပြပါတယ်။
“ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူတွေ ပြစ်ဒဏ်မခံရသရွေ့ အကြမ်းဖက်မှုသံ သရာ ဆက်လက်ရှိနေဖွယ်ရှိပါတယ်” လို့ သူက ပြောပါတယ်။
ကိုးကား – Anadolu
Ref; Since atrocities against Rohingya began 7 years ago, no one held accountable: Independent investigator
#Ayeyarwaddy_Times