
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၃ ရက်
ဧရာ၀တီတိုင်း၊ အဂ်ပူမြို့နယ် ကွင်းကောက်မြို့ရှိ ကုန်းပြင်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှုး ဆိုသူမှ စစ်မှုထမ်းထောက်ပံ့ကြေးများကောက်ခံပြီး ကိုယ်ပိုင်ကား၀ယ်စီးနေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး မင်းမင်းဆိုသူမှ ကုန်းပြင်ကျေးရွာအုပ်စုအပိုင်တွင်ပါ၀င်သော မြေနီတောင်၊ ကုန်းပြင်၊ ဘုရားချောင်း၊ ကမ်းနားစု၊ကျောက်ထပ်၊ဂျို့ပင်စု၊ထုံးဘို၊ကျီးပင်စသောကျေးရွာ ရှစ်ရွာရှိ စစ်မှုထမ်းရန် အကျုံး၀င်သည့် လူငယ်များ၏နေအိမ်များကို စစ်မှုထမ်းထောက်ပံ့ကြေး ငါးသောင်းကျပ်
အထိ ကောက်ခံခဲ့ကြောင်းသိရှိရသည်။
” စစ်မှုထမ်းဖို့ အရွေးခံရတဲ့သူကို ငွေတစ်သိန်းနဲ့ ဆန်တစ်အိတ်ပဲ ပေးတာ ကျန်တာသူ့အတွက်ယူထားတာ။ ခုစစ်မှုထမ်းဥပဒေက သူ့အတွက်ဖြစ်နေတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီ၏ စစ်မှုထမ်းအပါတ်စဥ် (၃)သင်တန်းအထိ ထောက်ပံ့ငွေများကောက်ခံခဲ့ပြီးနောက် လိုင်စင်မဲ့ အိမ်စီးကားကို ၀ယ်ယူစီးနင်းနေသော်လည်း အရေးယူခံရခြင်းမရှိကြောင်း ဒေသခံများကပြောသည်။
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလို ငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများ လုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။
#ကွင်းကောက်မြို့ #ကျေးရွာအုပ်ချုပ်ရေးမှူး #စစ်မှုထမ်း #ထောက်ပံ့ကြေး #ကား၀ယ်စီး #Ayeyarwaddy_Times