ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ယူကရိန်းနယ်စပ်သို့ စစ်တပ်ရဲ့အင်အား သုံးပုံတစ်ပုံနီးပါး စေလွှတ်မယ်လို့ သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြေညာပြီးနောက် ဘီလာရုစ်နိုင်ငံက တိုက်လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ် ရေးတပ်ဖွဲ့တွေ ထပ်မံ ဖြန့်ကြက်လိုက်တယ်လို့ AP သတင်းဌာနက ဖော်ပြပါတယ်။

ဘီလာရုစ်စစ်တပ်ဟာ လေယာဉ်ဖျက်ဒုံးကျည်တွေနဲ့ စစ်သည်တွေ စေလွှတ်ခဲ့တယ်လို့ ဘီလာ ရုစ်လေတပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ် အန်ဒရေလူကာနိုဗက်ချ်က နိုင်ငံပိုင်ရုပ်သံဌာနကို ပြောပါတယ်။

တပ်ဖွဲ့ဝင် ၆၀၀၀၀ ခန့်ရှိတဲ့ ဘီလာရုစ်စစ်တပ်ရဲ့ သုံးပုံတစ်ပုံခန့်ဖြစ်တဲ့ တပ်ဖွဲ့ဝင် ၂၀၀၀၀ ကို ယူကရိန်းနယ်စပ်သို့ စေလွှတ်မယ်လို့ ဘီလာရုစ် အာဏာရှင်ခေါင်းဆောင် လူကာရှန်ကိုက တနင်္ဂနွေနေ့ မှာ ကြေညာခဲ့ပါတယ်။

နယ်စပ်တစ်လျောက် ယူကရိန်းတပ်ဖွဲ့တွေ ထပ်တိုး ဖြန့်ကြက်ထားတာကြောင့် လက်တုံ့ပြန်မှုအ ဖြစ် အခုလိုဆုံးဖြတ်တာလို့ သူက ဆိုပါတယ်။

ကီလိုမီတာ ၁၀၈၄ အထိရှိတဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျောက် ဘီလာရုစ်တပ်ဖွဲ့တွေ ဖြန့်ကြက် ထားတာကို ယူကရိန်းက အတည်မပြုပါဘူး။

ရုရှားချေးငွေတွေနဲ့ စျေးနှုန်းချိုသာသော စွမ်းအင်ကို မှီခိုရတဲ့ ဘီလာရုစ်နိုင်ငံကို ယူကရိန်းကျူး ကျော်စစ် ဆင်နွှဲဖို့ စစ်မြေပြင်အဖြစ် ရုရှားက အသုံးပြုခဲ့ပြီး မြောက်ဘက်ကနေ ယူကရိန်းကို တိုက်ခိုက်ဖို့ ဘီလာရုစ်ပိုင်နက်မှတစ်ဆင့် တပ်ဖွဲ့တွေ ရွှေ့ပြောင်းခဲ့ပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း နည်းဗျူဟာမြောက် နျူကလီးယားလက်နက်အချို့ကို ဘီလာ ရုစ်နိုင်ငံသို့ ရွှေ့ပြောင်းခဲ့ပါတယ်။

ရုရှားနဲ့ယူကရိန်းကြား စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ လူကာရှန်ကိုက တောင်းဆိုခဲ့ပေမယ့် ယူက ရိန်းရဲ့ ရုရှားနိုင်ငံ Kursk ဒေသကို ဝင်ရောက်တိုက်ခိုက်မှုက ဆွေးနွေးမှုတွေကို ဟန့်တားခဲ့တယ်လို့ ဆိုပါ တယ်။

ကိုးကား – AP
Ref; Belarus deploying additional troops, planes to border with Ukraine

#Ayeyarwaddy_Times