
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ဧရာ၀တီတိုင်းရှိ မြို့နယ်အချို့တွင် ရခိုင်ပြည်နယ်မှ ရခိုင့်တပ်တော်AAသိမ်းပိုက်ခံထားရသော မြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများဖွင့်လှစ်နေကြောင်း သိရှိရသည်။
ကျုံပျော်မြို့နယ်ရှိ ပညာရေးမှူးရုံးတွင် သံတွဲမြို့နယ်ပညာရေးရုံးကိုတွဲဘက်ဖွင့်လှစ်ထားပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်နေ
ကြောင်းသိရသည်။
“သံတွဲမှ တက္ကသိုလ်၀င်တန်းအောင်တဲ့သူတွေ ကျုံပျော်မှာ အောင်လတ်မှတ်စထုတ်ပေးမယ်လို့ ကြေငြာထားတယ်။ စစ်ဖြစ်နေတာဘယ်သူကလာထုတ်နိုင်မလဲ သူတို့လဲ စစ်ကောင်စီက မဖြစ်မနေတာ၀န်ထမ်းဆောင်ရမယ်ဆိုလို့ ရုံးဖွင့်နေရတာထင်ပါတယ်”ဟု ပညာရေးရုံးနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။
ပုသိမ်မြို့ရှိ သစ်တောဦးစီးဌာန တိုင်းရုံးနှင့်ခရိုင်ရုံးများတွင်လည်း ရခိုင်ပြည်နယ်မှ ညွန်မှူးအဆင့် ထိ ပြောင်းရွှေ့လာပြီး ရုံးတွဲဘက်ဖွင့်လှစ်နေပြီး ကမ်းနားလမ်းအမှတ်(၁၈)သစ်စက်တွင် စစ်ပြေးလာသောသစ်တော၀န်ထမ်းများ နေထိုင်နေကြောင်း သိရသည်။
ရခိုင်တပ်တော်AA၏ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် သံတွဲနှင့် ဂွ မြို့များမှ စစ်ကောင်စီ လက်အောက်ခံ၀န်ထမ်းများ ဧရာ၀တီတိုင်းအတွင်း ပြေးလာကြပြီးနောက်ပိုင်း မြိုနယ်များတွင် တွဲဘက်ရုံးအဖြစ်ဖွင့်လှစ်ရန် ညွန်ကြားထားပြီးနောက်ပိုင်း ၀န်ထမ်းလိုင်းခန်းများအပြင် အရာရှိများမှ နေအိမ်ငှါးရမ်းနေထိုင်မှုများ များပြားလာကြောင်း ဒေသခံများထံမှသိရသည်။
#ရခိုင်ပြည်နယ် #စစ်ကောင်စီ #လက်အောက်ခံရုံးအချို့ #ဧရာ၀တီတိုင်း #ပြန်လည်ဖွင့်လှစ် #Ayeyarwaddy_Times