
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
အသက် ၄ နှစ်အရွယ် မိန်းခလေးငယ်နှစ်ဦးအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုနဲ့ပတ်သက်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြှင့်နေစဉ် ယမန်နေ့က အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းအနီးက မြို့တစ် မြို့မှာ အင်တာနက် ဖြတ်တောက်ကာ စာသင်ကျောင်းတွေ ၂ ရက်ဆက်တိုက် ပိတ်ခဲ့တယ်လို့ မီဒီယာ တွေက ဖော်ပြပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကိုးလ်ကတ္တားမြို့တော်မှာ အသက် ၃၁ နှစ်အရွယ် အမျိုးသမီး ဆရာဝန် တစ်ဦး မုဒိမ်းကျင့်၊ သတ်ဖြတ်ခံမှုကြောင့် တိုင်းပြည်တစ်ဝှမ်း ဆန္ဒပြပွဲတွေဖြစ်ပွားနေစဉ် မွမ်ဘိုင်းမြို့မှ ကီလိုမီတာ ၅၀ ခန့်အကွာ ဘာဒလာပူမြို့မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့အပတ်အတွင်း ဘာဒလာပူမြို့က စာသင်ကျောင်းတစ်ခုမှာ ကျောင်းသူတွေကို လိင်ပိုင်း ဆိုင်ရာ အလွဲသုံးစားမှုကြောင့် အစောင့်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။
ဒေါသထွက်နေတဲ့ ဆန္ဒပြသူတွေဟာ နာရီနဲ့ချီကြာအောင် ရထားလမ်းကို ပိတ်ဆို့ကာ တိုင်းပြည် တစ်ဝှမ်းက ဆရာဝန်တွေ၊ အမျိုးသမီးအုပ်စုတွေရဲ့ ဆန္ဒပြပွဲတွေလို ကလေးငယ်နှစ်ဦးအတွက် တရားမျှ တမှုရရှိဖို့ တောင်းဆိုခဲ့ပါတယ်။
လူစုဝေးမှု သို့မဟုတ် ဆန္ဒပြပွဲတွေကို လူစုခွဲဖို့ အာဏာပိုင်တွေက စာသင်ကျောင်းတွေပိတ်ဖို့ ညွှန်ကြားခဲ့ပြီး အင်တာနက်ကို နှစ်ရက်ဆက်တိုက် ဖြတ်တောက်ခဲ့ပါတယ်။
အမှုကို တရားရုံးမှာ အမြန်ဆုံး စီရင်ချက်ချမယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အက်နက်ရှင်ဒီက ပြော ကြားခဲ့ပြီး ဆန္ဒပြပွဲတွေက နိုင်ငံရေးအရ စိတ်ဓာတ်တက်ကြွစေခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ မဟာရတ်ရှ်ထရာမှာ ဒီနှစ်နှောင်းပိုင်းအတွင်း ပြည် နယ်အဆင့် ရွေးကောက်ပွဲတွေ ကျင်းပသွားမှာဖြစ်ပြီး ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ BJP ပါတီဟာ အ တိုက်အခံ ညွန့်ပေါင်းအဖွဲ့ရဲ့ ပြင်းထန်သော ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရပါတယ်။
ဩဂုတ်လ ၂၄ ရက်မှာ ပြည်နယ်တစ်ခုလုံးအတိုင်းအတာ ဆန္ဒပြပွဲပြုလုပ်ဖို့ အတိုက်အခံပါတီတွေ က တောင်းဆိုခဲ့တယ်လို့ လွှတ်တော်အမတ် ဗာရှာဂက်ခ်ဝပ်က မနေ့က မွမ်ဘိုင်းမြို့မှာ ဆန္ဒပြပွဲတစ်ခုအ တွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Schools, internet shut near Mumbai as protests grow over alleged sexual abuse of four-year-old girls
#Ayeyarwaddy_Times