ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်သူတွေလို့ သံသယရှိသူ တရုတ်နိုင်ငံသား ၃၀၇ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ဩဂုတ်လ ၂၁ ရက် မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးမီကပြုလုပ်ခဲ့တဲ့ ပူးတွဲနှိမ်နင်းမှုတစ်ခုအတွင်း အဆိုပါ ကျားဖြန့်လုပ် ကိုင်သူတွေကို ဖမ်းဆီးရမိခဲ့တာပါ။

အွန်လိုင်းငွေလိမ်လုပ်ငန်းမှာ အသုံးပြုတဲ့ သက်ဆိုင်ရာ အထောက်အထားပစ္စည်းတွေကိုလည်း တရုတ်အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ် ခုအတွင်း ပြောပါတယ်။

အလားတူအမှုမှာ ပါဝင်တဲ့ ကျားဖြန့်လုပ်ကိုင်သူလို့ သံသယရှိသူ ၉ ဦးကို တရုတ်ရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်နောက်ပိုင်း မြန်မာနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ ဉပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ကာ ရာဇဝတ်မှုတွေဖြိုခွင်းဖို့ ပူးတွဲစစ်ဆင်ရေးတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့လုံ ခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံက တရုတ်နိုင်ငံသား ကျားဖြန့်လုပ်ကိုင်သူ စုစုပေါင်း ၅၀၀၀၀ ကျော်ကို တရုတ်အာ ဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ အဆိုပါဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – Xinhua
Ref; 307 telecom fraud suspects handed over to China from Myanmar

#Ayeyarwaddy_Times