
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ရေယာဉ်တွေနဲ့ ဖိလစ် ပိုင် ကင်းလှည့်သင်္ဘောတွေကြား တိုက်မိမှုနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက တရုတ်ကို ရှုတ်ချလိုက် ပါတယ်။
အမေရိကန်နိုင်ငံက မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့အတူရပ်တည်ပြီး တရုတ်ရဲ့ အန္တရာယ်ရှိ သောလုပ်ရပ်တွေကို ရှုတ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက အပြည်ပြည်ဆိုင်ရာဉပဒေကို လိုက်နာဖို့နဲ့ အန္တရာယ်ရှိပြီး မတည်မငြိမ်ဖြစ်စေ သော အပြုအမူတွေကို ရှောင်ကြဉ်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုပါတယ်။
အမေရိကန်-ဖိလစ်ပိုင် ကာကွယ်ရေးစာချုပ်အရ တောင်တရုတ်ပင်လယ်မှာ ကမ်းခြေစောင့်တပ် ဖွဲ့ သင်္ဘောတွေအပါအဝင် ဖိလစ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့၊ အများပိုင်ရေယာဉ် သို့မဟုတ် လေယာဉ်တွေ အပေါ် လက်နက်ကိုင်တိုက်ခိုက်မှုတွေကို ကာကွယ်ပေးရမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဖိလစ်ပိုင်ကင်းလှည့်သင်္ဘောတွေက စပရတ်တလေကျွန်းစုအတွင်းရှိ ဆာဘီနာသောင်စွယ်အနီး ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ကျူးကျော်ခဲ့တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သင်္ဘောတစ်စင်းဟာ တရုတ်သင်္ဘောတစ်စင်းကို တမင်ဝင်တိုက်ခဲ့တယ်လို့ တရုတ်က ပြောပါတယ်။
တုံ့ပြန်မှုအဖြစ် ဖိလစ်ပိုင်အစိုးရက သင်္ဘောချင်းတိုက်မိမှုမှာရရှိခဲ့တဲ့ ရေယာဉ်တွေရဲ့ အပျက်အစီး ကိုပြသတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
ဖိလစ်ပိုင်ရဲ့ ပင်လယ်ပြင်အခြေစိုက်စခန်းတွေဆီ ရိက္ခာပို့ဆောင်ဖို့ သွားလာနေစဉ် ကင်းလှည့်ရေ ယာဉ်နှစ်စင်းဟာ တရုတ်သင်္ဘောတွေရဲ့ ဥပဒေမဲ့ပြီး အန္တရာယ်များလှတဲ့လုပ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ် လို့ ဖိလစ်ပိုင်အစိုးရက ပြောပါတယ်။
ကိုးကား – NHK
Ref; US condemns China after collision with Philippine ships in S. China Sea
#Ayeyarwaddy_Times