
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ဖို့ ပံ့ပိုးကူညီရာမှာ တရုတ်နိုင် ငံက အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ဖို့ဆန္ဒရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဝန် ကြီး ဝမ်ယိက အင်္ဂါနေ့က ပေကျင်းမြို့တော်မှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ် ဂျူလီဘီးရှော့ပ်နဲ့ တွေ့ဆုံချိန်မှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင် ဝမ် ယိက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး၊ အချုပ်အချာအာဏာ၊ အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ ပိုင်နက်နယ် မြေ တည်ကြည်မှု ကာကွယ်စောင့်ရှောက်မှုကို တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ခံတယ်လို့ သူက ဆိုပါ တယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အခန်းကဏ္ဍဟာ အရေးပါပြီး ဂျူလီဘီးရှော့ပ်က မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုနဲ့ တာရှည်ခံသော ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်မှု အောင်မြင်မှုရှိရေး ဆောင်ရွက်ရာမှာ အပြုသဘောဆောင်သော အခန်းကဏ္ဍမှပါဝင် ရေး အကူအညီပေးဖို့ တရုတ်နိုင်ငံက အဆင်သင့်ရှိတယ်လို့ ဝမ်ယိက ကတိပြုပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်နိုင်ငံထက် ဘယ်သူကမှ မြန်မာ နိုင်ငံမှာ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေချင်မဟုတ်ဖူးလို့ ၎င်းက ပြောပါတယ်။
တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက်တစ် ရပ် ရရှိစေဖို့ တရုတ်၊ အာဆီယံအဖွဲ့နဲ့ အနီးကပ် ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိပါကြောင်း ဂျူ လီဘီးရှော့ပ်က ပြောပါတယ်။
ကိုးကား – Xinhua
Ref; Wang Yi: China is willing to play constructive role in helping Myanmar achieve peace
#Ayeyarwaddy_Times