ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ရက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကောင်ဂျာယန် စစ်စခန်းကို ကချင်လွပ်လပ်ရေး တပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကောင်ဂျာယန်တပ်စခန်းကို ယမန်နေ့ ဩဂုတ် ၂၀ရက်နေ့ ညနေပိုင်း တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက် သိမ်း ပိုက်လိုက်ကြောင်း သိရသည်။

ကောင်ဂျာယန်စစ်စခန်းသည် ဗန်းမော်- မံစီကားလမ်းမပေါ်တွင်တည်ရှိပြီး မံစီရှိ စစ်ကောင်စီ၏ ခမရ ၃၁၉ နှင့် ခမရ ၆၀၁ တပ်တို့၏ ကာကင်းစခန်းအနေဖြင့် ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ကောင်ဂျာယန် စခန်းသိမ်းပိုက်ခံရသောကြောင့် လေကြောင်းမှနေ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကောင်ဂျာယန်စခန်း၊ မိုးမောက်နှင့် ၇ မိုင်ရွာများဘက်သို့ ကျရောက်ပြီး စစ်ကောင်စီ အမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

ဗန်းမော်မြို့အတွင်းတွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)၊ စစ်ဘက်ရေးရာလုံခြုံရေး တပ်စု(စရဖ-စု)၊ ခလရ-၄၇၊ ခလရ-၂၃၆၊ ခလရ-၂၃၇၊ အမှတ်(၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်(ထပရ-၉၃၃)၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း(မဆရ-၁၁)၊ အမှတ်(၅)ဆက်သွယ်ရေးတပ်(ဆသရ-၅)၊အမှတ် (၃၁၄) အမြောက်တပ် (အမတ-၃၁၄)၊ အမှတ် (၃၆၆) အမြောက်တပ် (အမတ-၃၆၆)၊ အမှ တ်၅၀၁၄) တင့်ကားတပ်ရင်း (တကရ-၅၀၁၄)၊ အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်း (သတရ-၇၀၀၆)၊ အမှတ် (၉၁၄) စစ်အင်ဂျင်နီယာတပ် (စအရ-၉၁၄)၊ အမှတ် (၉၄၄) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ (ဆလအခွဲ-၉၄၄)၊ အမှတ်(၈၈) တပ်မအောက် တပ်ရင်း သုံး ရင်းခန့် ရှိကြောင်း သိရသည်။

KIA သည် ပြီးခဲ့သည့် ဩဂုတ် ၁၉ရက်နေ့က မိုးမောက်ရှိ စစ်ကောင်စီ၏ မြို့စောင့်တပ် ခမရ ၄၃၇ကို သိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရာချီသေဆုံးကာ တင့်ကား အပါအဝင် လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပုံစာ- ခမရ ၄၃၇ကို KIAသိမ်းပိုက်ထားစဥ်

#ဗန်းမော် #ကောင်ဂျာယန် #စစ်ကောင်စီစခန်း #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times