
ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၁ ရက်
ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်တစ်ဦး ရခိုင်တွင် ညဦးပိုင်းကင်းစောင့်နေချိန် စနိုက်ဘာဖြင့်ပစ်ခတ်ခံရပြီး သေးဆုံးသွားကြောင်းသိရသည်။
အဆိုပါ သေဆုံးသွားသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်၏အမည်မှာ ဖိုးသားဖြစ်ပြီး အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စု၊ ကုန်းတောင်နီကျေးရွာကဖြစ်ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် ဖိုးသားမှာ ၂၀၂၂ ခုနှစ်တွင် ရဲတပ်ဖွဲ့သို့ စတင်၀င်ရောက်ခဲ့ပြီး ဧရာ၀တီတိုင်းမှတဆင့် ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံခဲ့ရသည်ဟု မိသာစုနဲ့နီးစပ်တစ်ဦးတစ်ဦးထံကသိရသည်။
“ရခိုင်ဘက်ကိုတာ၀န်ထမ်းဖို့ အလွှတ်ခံလိုက်ရတာ၊ ခုသေပြီးတဲ့နောက်ပိုင်းမှာ စစ်ကောင်စီဘက်ကလည်း ထောက်ပံ့ကြေးတွေပေးရမှာဆိုးလို့ သတင်းကို ဝိုင်းဖုံးထားကြတယ်။ အခုအချိန်ထိလည်း သက်စွန့်စရိတ်ဘာမှမရဘူး”ဟု ကုန်းတောင်နီရွာကျေးရွာမှ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ပြောသည်။
သေဆုံးခဲ့သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၀င်တစ်ဦးမှာ သြဂုတ် ၁၅ ရက်နေ့က ညကင်းစောင့်နေချိန် ဖုန်းသုံးနေစဥ် ဖုန်းမီးမြင်၍ စနိုက်ဘာဖြင့် ပစ်ခတ်ခံလိုက်ခြင်းဖြစ်သည်ဟု ရခိုင်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င် တစ်ဦးကပြောသည်။
“၁၅ ရက်နေ့ညမှာသေတာ၊ သူ့မိသားစုက ၁၈ ရက်နေ့မှာ ဖုန်းဆက်တော့မှ သိတာ။ အဲ့တော့မှ အဲ့ရဲတပ်သားရဲ့ သူငယ်ချင်းဖုန်းကိုင်တာမှာ သေပြီဆိုတာ သိတာ။ အဲ့ရဲတပ်သားနဲ့ အတူနေတဲ့ ရဲမှူး ကလဲပြောတယ် ဘာမှမတတ်နိုင်ဘူးလို့ပြောပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်၊ ပြည်သူ့စစ်မှုထမ်းအချို့ သေဆုံးခဲ့ပြီး ဆံပင်၊ လက်သည်း၊ ခြေသည်း၊ လျော်ကြေးငွေနှင့်အတူ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က မိသားစုများထံ လျော်ကြေးပေးခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဧရာတီတိုင်းက စစ်ကောင်စီတပ်သား၊ ရဲများအပြင် ပြည်သူ့စစ်မှုထမ်းများ ရခိုင်ပြည်နယ်သို့ ပို့ဆောင်ခံနေရပြီး ထိခိုက်သေဆုံးမှုလည်းအများပြားရှိနေကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ-ရခိုင်တွင် စနိုက်ဘာပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် ရဲတပ်သား ဖိုးသား
#အင်္ဂပူမြို့နယ် #ရဲတပ်သားတစ်ဦး #ရခိုင်တွင် #စနိုက်ဘာဖြင့်
#ပစ်ခတ်ခံရပြီးသေဆုံး #Ayeyarwaddy_Times