ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ ‌မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ကြောင်း သိရသည်။

တော် လှန်ရေးတပ်ဖွဲ့များသည် ယနေ့ ဩဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက အဆိုပါတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ စခန်းစွန့်ခွာ၍ ကိုယ်လွတ်ရုန်းထွက်ပြေးသွားကြ ကြောင်း တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

“နေ့လယ် ၂ နာရီလောက်မှာ စီးနင်းဝင်တော့ အင်အား ဘယ်လောက်မှမရှိဘူး။ ၁၅ ကျော်ကျော် လောက်ပဲရှိမယ်။ ခံမပစ်ဘဲ စခန်းကိုထားခဲ့ပြီး ထွက်ပြေးသွားကြတာ။ စစ်ကောင်စီတပ်စခန်းနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံကိုလွှင့်ထူနိုင်ခဲ့ပြီ” ဟု ပကဖတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တပ်စခန်းသည် ဒေသခံပြည်သူများကို ၎င်းတို့တပ်စခန်းရှေ့မှ ဖြတ်သန်းသွားလာခြင်း ခွင့်မပြုဘဲ ဖြတ်သန်းသွားလာသူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ ရိုက်နှက်ညှင်းပန်းမှုများ ပြုလုပ် လေ့ရှိသည့် တပ်ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ရရှိခဲ့သည့် မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ် စခန်းသည် တံတားဦးလေဆိပ်နှင့် ၁၃ မိုင်သာကွာဝေးသည့် တပ်စခန်းဖြစ်သည်။

‌မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ်စခန်းကို တံတားဦးမြို့နယ် ပကဖနှင့်အတူ နွားထိုးကြီး မြို့နယ်ပကဖ၊ မြင်းခြံခရိုင်တပ်ရင်း(၄)၊ မြင်းခြံခရိုင် တပ်ရင်း(၁၀)၊ မြင်းခြံခရိုင်ပကဖ ဒရုန်းတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ထိုးစစ်အရှိန်မြှင့်တင်ကာ စစ်ကောင်စီ၏ တပ်စခန်းများကို စီးနင်းဝင်ရောက် တိုက်ခိုက်သိမ်းပိုက်နေပြီး ရှမ်းမန်းစစ်ဆင်ရေး အနေဖြင့်လည်း စဉ့်ကူးမြို့နယ်၊ တကောင်းမြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

ထို့ပြင် မတ္တရာမြို့နယ်ထဲတွင်လည်း စစ်ကောင် စီတပ်စခန်း ၃၀ ကျော်နှင့် အင်ကြင်းမြိုင်လေကြောင်း ရန်ကာကွယ်ရေးတပ်၊ အယ်လ်ဖာဘိလပ် မြေစက်ရုံ၊ တကောင်းနီကယ်စက်ရုံ၊ MOGE ရေနံ မှော်ကင်း စခန်းစသည်တို့ကို တိုက်ခိုက်သိမ်း ပိုက်ထားသည်။

ဓာတ်ပုံ-တံတားဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#မန္တလေး #တံတားဦး #စစ်ကောင်စီ #မြိုင်သာလေကြောင်းရန်ကာကွယ်ရေးတပ် #တော်လှန်ရေးတပ်ဖွဲ့ #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times