ဧရာဝတီတိုင်းမ်
သြဂုတ် ၁၈ ရက်

ဒီပဲယင်း မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့်ပျူတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြပြီး စစ်ကောင်စီဘက်မှ အလံဖြူထောင် လက်နက်ချပူးပေါင်းသူ စုစုပေါင်း ၁၂၃ ဦးရှိကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ယနေ့ ဩဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။

လံဖြူထောင် လက်နက်ချပူးပေါင်းသူများမှာ တပ်မိသားစုဝင် ၈ဝ ဦး၊ Non CDM ဝန်ထမ်း ၄၁ ဦး နှင့် ပျူ နှစ် ဦးတို့ဖြစ်ပြီး လိုအပ်သည့်ဆေးဝါးကုသမှုများပေးကာ ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရသည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ပြီး မြို့နယ်တစ်ခုလုံးကို ယနေ့ သြဂုတ် ၁၈ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသ ရွှေဘိုခရိုင်ကွပ်ကဲရေးအဖွဲ့၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် အတွင်းရှိ တပ်ရင်းများ၊ရွှေ ဘိုခရိုင် ပကဖ၊ ဒီပဲယင်းမြို့နယ် ပကဖ၊ ဘုတလင်မြို့နယ် ပကဖတို့ ပူးပေါင်းကာ ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများ၊ ပျူများတပ်စွဲရာနေရာများကို တိုက်ခိုက်ခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။

ဒီပဲယင်းမြို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက် နံနက်ပိုင်းကတည်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ် ၁၇ ရက်နေ့တွင် စစ်ကောင်စီ တပ်သားနှင့် ပျူများစခန်းစွန့်ခွာထွက် ပြေးသွားကြကာ ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ်၌ မြို့ကိုထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဒီပဲယင်းမြို့သိမ်းပိုက်ပြီးသည့်အချိန်တွင် ရေဦးမြို့မှ စစ်ကူ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ရေဦး၊ဒီပဲယင်း ပကဖ တပ်ဖွဲ့ဝင်များက ထိရောက်စွာတားဆီးနိုင်ခဲ့ပြီး ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ် ကြောင်းသိရသည်။

ပုံစာ-ဒီပဲယင်းမြို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တွေ့ရသည့် PDF တော်လှန်ရေးတပ်ဖွဲ့ဝင်များ

#စစ်ကိုင်း #ဒီပဲယင်း #PDFပူးပေါင်းတပ်ဖွဲ့ #သိမ်းပိုက် #စစ်ကောင်စီ #ပျူစောထီး #လက်နက်ချအညံ့ခံ #Ayeyarwaddy_Times