ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို တရုတ်နိုင်ငံက ထောက်ခံကာ အာဆီယံအဖွဲ့ရဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ နည်းလမ်းတစ်ရပ်ရှာမယ့် အစီအစဉ်ကို ပံ့ပိုးကူညီမယ်လို့ တရုတ် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက ထိုင်းခရီးစဉ်အတွင်း ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံသို့သွားရောက်ကာ စစ်ကောင်စီအကြီးအကဲ မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးနောက် ဝမ်ယိက မီဒီယာရှင်းလင်းပွဲမှာ အခုလို မှတ်ချက်ပြုတာပါ။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ပြန်လည်ရရှိဖို့ တရုတ်နိုင်ငံက ဆက်လက် ကတိပြုပါ တယ်” လို့ သူက ဆိုပါတယ်။

သန်းခေါင်စာရင်းကောက်ယူဖို့ တရုတ်နိုင်ငံက နည်းပညာအကူအညီပေးဖို့ ကတိပြုခဲ့ပြီး လာ မယ့်နှစ်မှာ ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်မယ်လို့ စစ်ကောင်စီထိန်းချုပ် မီဒီယာတွေက ကြာသပတေးနေ့ မှာ ဖော်ပြခဲ့ပါတယ်။

ချွတ်ခြုံကျနေတဲ့ မြန်မာနိုင်ငံရဲ့ အပြည့်အဝ ဒီမိုကရေစီတိုင်းပြည်ဖြစ်စေမယ့် ခြေလှမ်းတွေ အ ဆုံးသတ်စေခဲ့တဲ့ အာဏာသိမ်းမှုအတွင်း မြန်မာစစ်တပ်က ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချခဲ့ တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေခဲ့တာပါ။

မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံအဖွဲ့က သဘောတူခဲ့တဲ့ “ဘုံသဘောတူညီချက် ၅ ရပ်” ခေါ် ငြိမ်းချမ်းရေးအစီအစဉ်ကို တရုတ်နိုင်ငံက ထောက်ခံတယ်လို့ ဝမ်ယိက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; China will support democratic transition in Myanmar: foreign minister

#Ayeyarwaddy_Times