ဧရာဝတီတိုင်းမ်
သြဂုတ် ၁၆ ရက်

ဧရာဝတီတိုင်းအတွင်းရှိ ပန်းတနော်နှင့်အိမ်မဲမြို့တို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ဆီဆိုင်အသေးများတွင် တစ်လီတာလျှင် ၄၈၀၀ မှ ၅၀၀၀ ကျော်အထိ စျေးတင်ရောင်းချနေကြောင်းဒေသခံများထံမှသ်ိရသည်။

အိမ်မဲမြို့တွင် ဆီဆိုင်ပိတ်ပြီးနောက် ဆီဂေါက်ဆိုင်အသေးများတွင် စက်သုံးဆီစျေး တဖြည်ဖြည်တိုးလာခဲ့ပြီ ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၄၈၀၀ကျပ် အထိဖြစ်လာကြောင်း ဒေသခံများထံမှသိရသည်။

“အိမ်မဲမှာ လိုင်စင်ရှိတဲ့ဆီဆိုင်က တစ်ဆိုင်ပဲရှိတာ ။ ကျန်ခဲ့တဲ့ ၅ရက်လောက်ထဲက ဆီမရလို့ဆိုပြီး ပိတ်လိုက်တယ်။ ဒီရက်ထဲလည်းကျရော ဓာတ်ဆီစျေးက ခုန်တတ်လာတယ် အခုတစ်လီတာ ၄၉၀၀ ကျပ် အထိဖြစ်နေတယ် ။ ဒါတောင် ဆိုင်တိုင်းဆီမရတော့ဘူး” ဟု အိမ်မဲမြို့နယ်ရှိဒေသခံအမျိုးသားတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဧရာဝတီတိုင်းအတွင်း စက်သုံးဆီပြတ်လပ်လာမှုကြောင့် ပန်းတနော် ၊ကျောင်းကုန်း၊ဝါးခယ်မ နှင့် မြောင်းမြတို့ပါ စက်သုံးဆ်ီပြတ်လပ်နေပြီး ဒေသတွင်း ခရီးသွားလာမှုအပေါ် အကျိုးသက်ရောက်မှုများ ရှိနေကြောင်း ပန်းတနော်မြို့နယ်ရှိ ဒေသခံများထံမှသိရသည်။

“ကျွန်တော်တို့ဆီမှာက ဆိုင်ကြီးတွေမှာ အကန့်သတ်နဲ့တော့ရတယ် ဆိုင်ကယ်တစ်စီးကို ၃၀၀၀ ဖိုးနဲ့ ၂၀၀၀ ဖိုးပေါ့ ။ ဆီနည်းနေရင်တော့ ထုတ်မရောင်းတော့ဘူး ပိတ်လိုက်တယ်။ အခု ဆီကအကန့်သတ်နဲ့ရနေတော့ ဒီကနေ မြောင်းမြသွားမယ်ဆို မရောက်တော့ဘူး ။ထပ်တိုးပြီးထည့်ခိုင်းလည်း မရဘူး။ ဆီရမှ စျေးရောင်းလို့ရမဲ့ဟာ ဆီမရတော့ ဘယ်မှမသွားတတ်တော့ဘူး ။မိသာစုအတွက်ခက်ခဲတာပေါ့ဗျာ “ဟု ပန်းတနော်မြို့နယ်မှ နယ်လည့်စျေးရောင်းချနေသူအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

စက်သုံးဆီပြတ်လပ်မှု မကြာခဏဖြစ်ပွားနေခြင်းနှင့် စက်သုံးဆီစျေးတတ်လာခြင်းကြောင့် ခရီးသည်တင်ယာဉ်များနှင့် အငှာကားတစ်ချို့မှာ သဘာဝဓာတ်ငွေ့ဖြင့် အစားထိုးအသုံးပြုနေကြရပြီး စက်သုံးဆီပြတ်လက်မှုကြောင့် ခရီးသွားလာရာတွင် အခက်ခဲများရှိနေကြကြောင်း ဒေသခံများက ပြောဆိုကြသည်။

#ပန်းတနော် #အိမ်မဲမြို့ #စက်သုံးဆီပြတ်လပ် #တစ်လီတာလျှင် #ကျပ်၅၀၀၀ကျော် #စျေးတင်ရောင်း #Ayeyarwaddy_Times