
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ဧရာ၀တီတိုင်း ပုသိမ်မြို့တွင် သြဂုတ်လ၁၆ရက်နေ့ကစတင်ကာ စက်သုံးဆီပြတ်လပ်နေပြီး ဆီဆိုင်တစ်ဆိုင်တွင်သာ အကန့်အသတ်နှင့် ရောင်းချနေသည့်အတွက် ပြည်သူများ တန်းစီစနစ်ဖြင့် ၀ယ်ယူနေရကြောင်း သိရသည်။
ပုသိမ်မြို့ကမ်းနားလမ်းပေါ်ရှိ မြင့်မြတ်ထွဠ်ခေါင် ဆီဆိုင်တစ်ဆိုင်တွင်သာ ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ကျပ်ဖိုးနှင့် သုံးဘီးတစ်စီးလျှင် ၅၀၀၀ကျပ်ဖိုးသာ ရောင်းချပေးနေပြီး ဆီဝယ်ယူလိုသည့် ပြည်သူများသည် နာရီပေါင်းများစွာ တန်းစီနေရကြောင်း ဒေသခံများကပြောသည်။
“ဆီဆိုင်မှာ နေ့လည်ကတည်းကတန်းစီတာ ညနေမှ ရတယ်။ ရတော့လဲ ၅၀၀၀ဖိုးပဲ ရတာပါ၊ သုံးဘီး ငှားသူရှိလို့ လမ်းကြောင်းတစ်ကြောင်းဆို ဆီကကုန်ရော နောက်တစ်ခါပြန်တန်းစီရနဲ့ ထမင်းငတ်ဖို့ပဲရှိတော့တယ်”ဟု သုံးဘီးယာဥ်မောင်းတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့ရှိ အိမ်ဆိုင်တစ်ချို့တွင် ဓါတ်ဆီတစ်လီတာလျှင် ၅၀၀၀ကျပ်ဖြင့် ရောင်းချပေးသော်လည်း အဆိုပါရောင်းချသူများကို လိုက်လံဖမ်းဆီးနေသောကြောင့် ရင်းနှီးသောသူများကိုသာ ရောင်းချပေးနေကြောင်း သိရသည်။
ပုသိမ်မြို့တွင်သာမက ဖျာပုံ၊ မအူပင် ၊မြောင်းမြ၊ ပန်းတနော်၊ ဒေးဒရဲ ၊လပွတ္တာ ၊ကျောင်းကုန်း ၊မော်လမြိုင်ကျွန်း စသည့် မြို့ နယ်များတွင်လည်း စက်သုံးဆီဝယ်လိုအား နှင့် ရောင်းလိုအား မျှတမှုမရှိသောကြောင့် စက်သုံးဆီ ပြတ်လပ်ကာ ဝယ်ယူရန်ခက်ခဲနေကြောင်း ဒေသခံများထံမှသိရှိရသည်။
#ပုသိမ်မြို့# စက်သုံးဆီပြတ်လပ် #အကန့်အသတ် #တန်းစီ၀ယ်ယူနေရ #Ayeyarwaddy_Times