
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ထိုင်းနိုင်ငံ၏ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ ပေထောင်တန်ရှင်နာဝပ်ထရာကို ထိုင်းလွှတ်တော်က ရွေးချယ်လိုက်ပါတယ်။
ဖွေ့ထိုင်းပါတီခေါင်းဆောင် အသက် ၃၇ နှစ်အရွယ် ပေထောင်တန်ဟာ ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့က ဖွေ့ထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ကို ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြုခဲ့တာပါ။
ပေထောင်တန်ကို လွှတ်တော်အမတ် ၄၉၀ ဦးအနက် ၃၀၀ ကျော်က ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တာပါ။
ပေထောင်တန်ဟာ ထိုင်းနိုင်ငံ၏ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ်နဲ့ သက်ဆင်ရှင်နာဝပ်မိသားစု၏ တတိယမြောက် ဝန်ကြီးချုပ်ဖြစ်လာသူ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆေထာထဝီဆင်ကို လရာထူးမှ ရပ်နားရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်လိုက်ပြီးနောက် ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်က ထပ်မံရွေးချယ်ဖို့ ဖြစ်လာတာပါ။
ကိုးကား – Reuters
#Ayeyarwaddy_Times