ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၂ ရက်

တရုတ်နိုင်ငံကထုတ်ပြန်တဲ့ စက္ကူဖြူကြေညာချက်ကို လက်ခံနိုင်ဖွယ်မရှိဘူးဟုဆိုကာ ထိုင်ဝမ်က ပယ်ချ ခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးနှင့် တစ်နိုင်ငံ စနစ်နှစ်မျိုးမူဝါဒက ထိုင်ဝမ်အတွက် ဘယ်တော့မှ ရွေးချယ်စရာတွေ ဖြစ်လာမှာမဟုတ်ဖူးလို့ ပြောကြားလိုက်ပါတယ်။

ထိုင်ဝမ်ကိုခြိမ်းခြောက်ဖို့ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ရာ တစ်နေရာ ဖြစ်တဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဒီလနှောင်းပိုင်းမှာ လေးရက်ကြာ ဒုံးကျည်စမ်းသပ်မှုတွေပြုလုပ်ဖို့ ထိုင်ဝမ်က စီစဉ်နေပါတယ်။

ထိုင်ဝမ်ရဲ့ ထိပ်တန်းလက်နက်ကုမ္ပဏီ National Chung-Shan Institute of Science and Technology ရဲ့ အဆိုအရ ထိုင်ဝမ်အရှေ့တောင်ပိုင်းနဲ့ အရှေ့ပိုင်းရေပိုင်နက်အတွင်း သြဂုတ်လ ၁၈ ရက်မှ ၂၆ ရက်အထိ ဒုံး ကျည်စမ်းသပ်မှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။

ဒုံးကျည်စမ်းသပ်မှုတွေကို ပစိဖိတ်သမုဒ္ဒရာကို မျက်နှာမူနေတဲ့ တိုင်တန်မှ ၁၂၅ မိုင်အကွာမှာ ပြုလုပ်မှာ ဖြစ်ပြီး နှစ်နိုင်ငံကြားနယ်နိမိတ်ဖြစ်တဲ့ အလယ်မျဉ်းကို မဖြတ်ကျော်ဘူးလို့ သိရပါတယ်။
ဒုံးကျည်စမ်းသပ်မှုမှာ တရုတ်ပြည်မ ရှန်တုံပြည်နယ် ကျင်းတောင်မြို့အထိ ရောက်ရှိနိုင်တဲ့ Hsiung Sheng မြေပြင်-မြေပြင်ခွင်းဒုံးကျည်တွေ ပါဝင်မယ်လို့ ထိုင်ဝမ်ဗဟိုသတင်းဌာနက National Chung-Shan Institute of Science and Technology မှ အငြိမ်းစား တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖော်ပြပါတယ်။

ပြန်လည်ပေါင်းစည်းရေးနဲ့ ငြိမ်းချမ်းသောအဖြေက တရုတ်နိုင်ငံရဲ့ ဦးစားပေးရွေးချယ်မှုဖြစ်သော်လည်း ခွဲထွက်ဖို့ကြိုးပမ်းလာရင် အင်အားသုံး သိမ်းပိုက်မယ်လို့ စက္ကူဖြူကြေညာချက်က ဖော်ပြပါတယ်။

ငြိမ်းချမ်းသော ပြန်လည်ပေါင်းစည်းရေးနဲ့ တစ်နိုင်ငံ စနစ်နှစ်မျိုးက ထိုင်ဝမ်အရေးဖြေရှင်းဖို့ အခြေခံမူ တွေဖြစ်ပြီး အမျိုးသား ပြန်လည်ပေါင်းစည်းရေးဖြစ်လာဖို့ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အဲဒီစက္ကဖြူကြေ ညာချက်က ဆိုပါတယ်။

စစ်ရေးလေ့ကျင့်တာ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်တာ၊ ထိုင်ဝမ်ကို ပြည်မကြီးနဲ့ ပြန်လည်ပေါင်း စည်းဖို့ကြိုးပမ်းတဲ့ တရုတ်နိုင်ငံရဲ့ ရန်စတဲ့အပြုအမူတွေကို တရုတ်နိုင်ငံက အကြိမ်ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး ဂျိုအန်နီအော်က ပြောကြားခဲ့ပါတယ်။

ကိုးကား – Asia One
Ref; Taiwan rejects Beijing’s ‘1 country, 2 systems’ plans for unification