
ဗွီအာတီ/ဧရာဝတီတိုင်းမ်
(ချင်းပြည်နယ်)၊ ဩဂုတ်လ ၁၂ ရက်
အိန္ဒိယနိုင်ငံ၊ မီဇိုးပြည်နယ်၊ အိုင်းဇောလ်မြို့တွင် အခြေစိုက်သော Mizoram Universityတွင် သုတေသန(Reseach)ပညာတော်သင်ရန်အတွက် မြန်မာစစ်ဘေးရှောင် ၅ ဦးကို ဩဂုတ်လ ၈ ရက်နေ့တွင် ချင်းရေးရာအဖွဲ့ချုပ်(Institute Of Chin Affairs)မှ ခေါ်ယူခဲ့ကြောင်းသိရသည်။

ချင်းရေးရာအဖွဲ့ချုပ်(Institute Of Chin Affairs)နှင့်မီဇိုးရမ်တက္ကသိုလ်တို့သည် Research Centre တစ်ခုကို ဖွင့်လှစ်နိုင်ရန် ၂၀၂၂ခုနှစ်၊ ၄ လပိုင်းတွင် နှစ်ဖက်သဘောတူ(MOU)လက်မှတ်ရေးထိုးခဲ့ပြီး မီဇိုးရမ်တက္ကသိုလ်တွင် မြန်မာဘာသာရပ်ကိုလည်း သင်ကြားပို့ချပေးမည်ဟု (ICA)ထံမှ သိရသည်။
“မီဇိုးရမ်တက္ကသိုလ်နဲ့ Reseach Centreတစ်ခု ဖွင့်လှစ်ဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့တယ်ပေါ့နော်၊ မီဇိုးရမ်တက္ကသိုလ်မှာ မြန်မာဘာသာစကားကို သင်ကြားပေးဖို့အတွက် သူတို့ဘက်က ပြန်ကမ်းလှမ်းလာပါတယ်၊ အဲ့ဒီအပြင် သုတေတန(Research)အတွက် ကျောင်းသား ၅ ယောက်ကို ခေါ်ယူထားပါတယ်ပေါ့နော်၊ အဓိက ခေါ်တာကတော့ မီဇိုးရမ်ဘက်ရောက်ရှိနေကြတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို ဦးစားပေးသွားမှာ ဖြစ်ပါတယ်၊ ချင်းတိုင်းရင်းသားမှ မဟုတ်ဘဲ မြန်မာပြည်ကနေ မီဇိုးရမ်ဘက်ကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားအားလုံးလျှောက်ခွင့်ရှိတယ်၊ ကျွန်မတို့ ပရောဂျက်အရ ဒီနှစ်ပထမနှစ်မှာတော့ ၅ယောက်ဘဲ ခေါ်မှာပါရှင့်”ဟု Institute Of Chin Affairsမှ တာဝန်ခံဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာသို့ ပြောကြားသည်။
ဘွဲ့တစ်ခုခုရရှိထားသူများအနေဖြင့် သုတေသနပညာတော်သင်ကိုလျှောက်ထားနိုင်ပြီး ဘွဲ့အမျိုးအစား သတ်မှတ်ထားခြင်းမရှိဘဲ သုတေသနနှင့် အတွေ့အကြုံရှိသူများကို ဦးစားပေးသွားမည်ဟုသိရပြီး မီးဇိုးရမ်တက္ကသိုလ်ရှိ ပါမောက္ခများ၏ သင်ကြားမှုများနှင့်အတူ နိုင်ငံတကာအဆင့်(International Level)အထိ ချိပ်ဆက်လုပ်ဆောင်သွားဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
ပညာတော်သင်အတွက် လျှောက်မည်ဆိုပါက မိမိကိုယ်ရေးအချက်အလက်များ၊ Reseachကို စိတ်ဝင်စားရသည့် အကြောင်းရင်းများ၊ သုတေသနပြုလုပ်ရာတွင် ဘယ်အကြောင်းအရာကို ဦးတည်ချက်ထားကာ သုတေတနပြုလုပ်သင့်ကြောင်းနှင့် နည်းလမ်းအသုံးပြုပုံများကို စာမျက်နှာတမျက်နှာရေးပြီး [email protected]ကို ပေးပို့ထားရမည်ဖြစ်ကြောင်း သိရသည်။
ပညာတော်သင် ၅ ဦးကို လိုအပ်သော ကျောင်းသုံးသင်ထောက်ကူပစ္စည်းများပေးအပ်သွားမည်ဖြစ်ပြီး ပညာတော်သင်ကာလတွင် ကျောင်းစရိတ်နှင့် စားစရိတ်များကိုလည်း Institute Of Chin Affairsမှ ထောက်ပံ့ပေးသွားဖြစ်ကြောင်း သိရသည်။