
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၅ ရက်
စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းခံရသည့် ဧရာဝတီတိုင်းမှ တပ်သားသစ်များ ကျဆုံးမှုများပြားနေကြောင်း စုဆောင်းခံရသူများ၏ မိသားစုဝင်များထံက သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် စစ်ကောင်စီက ပထမအကြိမ်းခေါ် ဆောင်ရာတွင် မြို့ရွာများတွင် တပ်သားသစ်များအား မဲနှိုက်ရွေးချယ်ကာ ခေါ်ဆောင်သွားခဲ့ပြီးနောက် သင်တန်းဆင်းပါက ရှေ့တန်းသို့ မသွားရပဲ မိမိမြို့နယ်တွင်သာ တာဝန်ပြန်ချကာ မြို့နယ်ကာကွယ်ရေးသာလုပ်ဆောင်ရမည်ဟု ပြောဆိုခေါ်ဆောင်သွားသော်လည်း သင်တန်းဆင်းပြီးနောက် စစ်ဖြစ်နေသော ရှေ့တန်းသို့ပို့ဆောင်ခံနေရကြောင်း မိသားစုဝင်များက ပြောသည်။
“စခေါ်တုန်းက မဲပေါက်လို့သွားရရင်တောင် သင်တန်းဆင်းတာနဲ့ ကိုယ်မြို့ကိုပဲပြန်လာရမှာ ပြောတယ်။ ပြီးရင် မြို့နယ်လုံခြုံးရေးပဲ လုပ်ရမှာဆိုပြီး အုပ်ချူပ်ရေးမှူးကပြောတယ် ။ အခု သင်တန်းလည်းဆင်းရော အဒေါ် သားက လားရှိုးဘက်ကိုသွားရတယ်လို့ပြောတယ် ၊ဖုန်းလည်းအဆက်သွယ်မရတော့ဘူး ။ မိဘတွေရင်ထဲမှာ ပူလောင်နေရသလို သူတို့လည်းတူသောအကျိုးပေးမှာပါ ။ အရင်ရက်တွေကဖုန်းဆက်တော့ သူတို့နဲ့အပတ်စဥ်တူတဲ့ အိမ်မဲကသူ့သူငယ်ချင်းတစ်ယောက်လည်း ကျသွားပြီလို့ပြောတယ် “ ဟု ပြည်သူ့စစ်မှုထမ်းအဖြစ်ခေါ်ဆောင်ခံရသူတစ်ဦး၏ မိခင်မှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲများဖြစ်ပွားလာသည်နှင့်အမျှ စစ်
ကောင်စီအနေနှင့် ထိခိုက်ကျဆုံးမှုများလာသည့်အတွက် ပြည်သူ့စစ်မှုထမ်းတပ်သားသစ်များ ပိုမိုခေါ်ဆောင်လာပြီး B ပိုး C ပိုးသမားများသာမက ကျန်းမာရေးမကောင်းသူများပါ စုဆောင်းခံနေရကြောင်း စစ်ကောင်စီအသိုင်းဝိုင်းမှသိရသည်။
“အခုအခြေနေက တပ်သားအင်းအာလိုအပ်မှုများနေတော့ သင်တန်းကိုလည်း အချိန်အများကြီး မပေးနိုင်တော့ဘူး ။ ပြောမယ်ဆို အဖြစ်လောက်ပဲ ပေးတာ။ အခုစစ်မှုထမ်းခေါ်မယ်ဆို အဆိုးဆုံးပြောရရင် အေကိုက်နေတဲ့ကောင်တွေတောင်ပါတယ်။ သူတို့ကသာ လူတိုင်းမခေါ်ဘူး ကန့်သတ်ချက်ထားတယ်ပြောနေတာ အခုမြေပြင်မှာဆင်းကြည့်ခိုင်းလိုက် အကုန်ပါနေတယ် “ဟု မြောင်းမြမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်းခြင်းခံရသူများမှာ မိသာစုနှင့်အဆက်သွယ် ပြတ်တောက်နေသူများ ရာနှင့်ချီရှိနေပြီး တိုက်ပွဲအတွင်းကျဆုံသူများအာ စစ်ကောင်စီမှ မိသားစုများအား အုပ်ချုပ်ရေးမှူများထံမှတဆင့် အသိပေးမှုများ ပြုလုပ်နေပြီး မိသားစုအတွက် ထောက်ပံ့ခြင်းတစ်စုံတစ်ရာမရှိကြောင်း ဒေသတွင်အရင်းမြစ်များထံမှသိရသည်။
ဓာတ်ပုံ-အမှတ်စဥ် ၃ ပြည်သူ့စစ်မှုထမ်းများလေ့ကျင့်နေစဥ်
#ပြည်သူ့စစ်မှုထမ်းဥပဒေ #ဧရာဝတီတိုင်း #တပ်သားသစ် #ရှေ့တန်း #ကျဆုံးမှုများ #Ayeyarwaddy_Times