ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

ထိုင်းနိုင်ငံမြောက်ပိုင်း နာခွန်စဝမ်ပြည်နယ်၊ နောင်ဘွာခရိုင်က အဝေးပြေးလမ်းမကြီးတစ်ခုမှာ ရဲတပ်ဖွဲ့က ပစ်ကပ်ထရပ်ကားတစ်စင်းပေါ်မှ မြန်မာနိုင်ငံသား တရားမဝင် ရွှေ့ပြောင်းလာရောက်သူ ၁၅ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ကားတစ်စင်းဟာ အင်္ဂါနေ့ နေ့လည်ပိုင်းက အရှိန်နဲ့မောင်းနှင်နေ သော ကားခေါင်မိုးကို ထရပ်ကားအမိုး ဖုံးအပ်ထားတဲ့ ယာဉ်တစ်စင်းကို ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါထရပ်ကားကို ရှာဖွေရာမှာ ယာဉ်အတွင်း တင်ဆောင်လာသော အထောက်အ ထားမဲ့ မြန်မာနိုင်ငံသား ၁၅ ဉီးနဲ့ အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်း ထိုင်းလူမျိုးနဲ့ အသက် ၅၅ နှစ် အရွယ် သူ့ရဲ့လက်ထောက်တို့ကို တွေ့ရှိခဲ့ပါတယ်။

ချင်းမိုင်ပြည်နယ်မှ အလုပ်အကိုင်ရှာဖွေသူ ၁၅ ဦးကို ဆင်ဘူရီပြည်နယ်သို့ ပို့ဆောင်ပေးဖို့ အမည် မသိ ထိုင်းအမျိုးသားတစ်ဉီးကို သူ့ကို ငှားရမ်းခဲ့တယ်လို့ ယာဉ်မောင်း ဆိုရာဆတ်က ထိုင်းရဲတပ်ဖွဲ့ကို ပြောပါတယ်။ လူတစ်ဦးလျှင် ဘတ် ၁၅၀၀ နှုန်းနဲ့ ပို့ဆောင်ပေးဖို့ သူ့ကို ငှားရမ်းခဲ့တာလို့ ဆိုရာဆတ်က ဆိုပါတယ်။

လမ်းကြောင်းတစ်လျောက် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်တွေကို စောင့်ကြည့်ဖို့ အကူဖြစ်တဲ့ “ဖွန်” ဆိုသူ ထိုင်းနိုင်ငံသားကို ဘတ် ၂၀၀၀ နဲ့ ငှားရမ်းခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

သူက ငွေကြေး လိုအပ်တာကြောင့် ယခင်ကလည်း တရားမဝင် ရွှေ့ပြောင်းလာရောက်သူတွေကို ၆ ကြိမ်ခန့် ပို့ဆောင်ပေးခဲ့ဖူးတယ်လို့ ဆိုရာဆတ်က ဝန်ခံခဲ့ပါတယ်။

တောလမ်းတွေကတစ်ဆင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့တာဖြစ်ကြောင်း၊ ပွဲစားတွေကို ဘတ် ၂၀၀၀၀ စီ ပေးခဲ့ရပြီး အလုပ်လုပ်ရမယ့်နေရာတွေကို သွားနေစဉ် ဖမ်းဆီးခံခဲ့ရတာလို့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလာရောက်သူတွေက စကားပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို ပြောပါတယ်။

တရားမဝင် လာရောက်သူတွေကို ကူညီမှု၊ လက်ခံထားမှုနဲ့ အဖမ်းမခံရအောင် ရှောင်ပြေးမှုနဲ့ ရဲ တပ်ဖွဲ့က ထိုင်းနိုင်ငံသား ၂ ဦးကို စွဲချက်တင်ခဲ့ပါတယ်။

မြန်မာနိုင်ငံသားတွေကိုလည်း ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး အရေး ယူဖို့ နောင်ဘွာရဲစခန်းသို့ ပို့ဆောင်ခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; 15 illegal migrants found crammed inside pickup
#Ayeyarwaddy_Times