ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတာကို ကုလသမဂ္ဂက ရှုတ်ချခဲ့ပြီး စစ်ကောင်စီနဲ့ လူ နည်းစုတိုင်းရင်းသားတွေကြား အရပ်သားတွေ ကြားညှပ်နေတာကို အလွန်အမင်း စိုးရိမ်မိတယ်လို့ ပြော ပါတယ်။

“ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံမှာ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ဖြစ်စေခဲ့ တဲ့ အကြမ်းဖက်မှုတွေ တိုးလာတာကို ကျွန်တော်တို့ အပြင်းထန်ဆုံး ရှုတ်ချပါတယ်” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ်က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ ရှမ်းပြည်နယ်၊ လားရှိးမြို့တို့မှာ အရပ်သားတွေ တိုက်ပွဲရှောင် ရင်း သတ်ဖြတ်ခံရတဲ့သတင်းတွေက သတိပေးနေတယ်လို့ သူက ဆိုပါတယ်။

ယင်းသို့သောဖြစ်စဉ်တွေက အလွန်အမင်း စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်ပြီး ပဋိပက္ခဒဏ် ခါးစည်းခံနေရသော အရပ်သားတွေနဲ့ ပဋိပက္ခ အရှိန်မြှင့်စေတယ်လို့ ၎င်းက ပြောပါတယ်။

အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အအုံတွေကို ကာကွယ်ပေးရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဉပဒေပါ ပြဌာန်းချက်တွေကို လိုက်နာစောင့်ထိန်းကြဖို့ ပဋိပက္ခဖြစ်ပွားနေသော အဖွဲ့ အစည်းအားလုံးကို ကုလသမဂ္ဂအဖွဲ့က သတိပေးလိုက်ပါတယ်။

“အဖွဲ့အစည်းအားလုံးက အသိုင်းအဝိုင်းအားလုံး လူသားချင်းစာနာမှု အကူအညီ ဘေးကင်းစွာ ရရှိရေး ခွင့်ပြုသင့်ပြီး ကလေးငယ် ၆ သန်းအပါအဝင် ပြည်သူ ၁၈ ဒသမ ၆ သန်းက အကူအညီ လိုအပ် နေတယ်လို့ ၎င်းက ထောက်ပြပါတယ်။

ကိုးကား – AFP
Ref; UN slams surge in violence in Myanmar

#Ayeyarwaddy_Times