ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေဟာ စိုးရိမ်ဖွယ်ရာ နှုန်းနဲ့ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးတွေက အင်္ဂါနေ့မှာ သတိပေးခဲ့ပြီး စနစ်တကျ နှိပ်စက်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာနဲ့ ကလေးသူငယ်တွေကို အလွဲသုံးစားလုပ်တာတွေရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့သော ၆ လအတွင်း ပြည်သူ ၃ သန်းကျော် ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ မြန် မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ပြောပါတယ်။

“မြန်မာနိုင်ငံတစ်ဝှမ်း ကြောက်မတ်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူသားမဆန်မှုတွေကို ပြ သနေတဲ့ ခိုင်မာသော အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းခဲ့ပါတယ်” လို့ IIMM အကြီးအ ကဲ Nicholas Koumjian က ပြောပါတယ်။

“အရပ်သားတွေကို အပြစ်ပေးဖို့နဲ့ အကြမ်းဖက်မှု ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်နဲ့ ရာဇဝတ်မှုအများ စုကို ကျူးလွန်ခဲ့တာပါ” လို့ သူက ဆိုပါတယ်။

စစ်ရေးပစ်မှတ်တွေမဟုတ်တာ ထင်ရှားတဲ့ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံ တွေနဲ့ ဆေးရုံတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှု ကျူး လွန်တဲ့ အထောက်အထားတွေကို စုဆောင်းထားခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

“ထောင်နဲ့ချီတဲ့ပြည်သူတွေ ဖမ်းဆီးခံခဲ့ရပြီး အများစုဟာ စစ်ကြောရေးမှာ နှိပ်စက်ခံ သို့မဟုတ် သတ်ဖြတ်ခံခဲ့ရတယ်” လို့ IIMM က ပြောပါတယ်။

အဆိုးရွားဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေရဲ့ အထောက်အထားတွေကို စုဆောင်းကာ တ ရားစွဲဆိုမှုတွေပြုလုပ်ရေး ပြင်ဆင်ဖို့ IIMM ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာပါ။

အစီရင်ခံစာပါ တွေ့ရှိချက်တွေဟာ သတင်းရင်းမြစ် ၉၀၀ ကျော်ထံမှ စုဆောင်းခဲ့တဲ့ အချက်အ လက် ၂၈ သန်းကျော်ကို အခြေခံပြီး အထောက်အထားတွေထဲမှာ ရုပ်သံဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေနဲ့ မှု ခင်းဆေးပညာတွေ ပါဝင်ပါတယ်။

“ပြစ်မှုကျူးလွန်သူတွေက ပြစ်ဒဏ်ကနေ သက်ညှာခွင့်ရတဲ့ သံသရာလည်နေတဲ့ မြန်မာနိုင်ငံမှာ ဘယ်လို ရာဇဝတ်မှုမျိုးအတွက်မဆို ဘယ်သူမှ တာဝန်မခံခဲ့ပါဘူး။ ဒါကို ချိုးဖျက်ဖို့ ကျွန်တော်တို့ ကြိုး စားနေပါတယ်” လို့ Nicholas Koumjian က ဆိုပါတယ်။

ကိုးကား – AFP
Ref; War crimes escalating in Myanmar: UN investigators

#Ayeyarwaddy_Times