ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

အစ္စရေးနိုင်ငံကို တိုက်ခိုက်တာ ရှောင်ကြဉ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဥရောပ ၄ နိုင်ငံရဲ့ ခေါင်းဆောင်တွေက အီရန်ကို တောင်းဆိုလိုက်ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ တနင်္လာနေ့က ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီခေါင်းဆောင်တွေနဲ့ အရှေ့အ လယ်ပိုင်းအခြေအနေကို ဖုန်းနဲ့ ဆွေးနွေးခဲ့ပါတယ်။

“အီရန်နဲ့ အီရန်ကျောထောက်နောက်ခံ အကြမ်းဖက်အုပ်စုတွေရဲ့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက် မှုကနေ ကာကွယ်ပေးဖို့ မိမိတို့ ထောက်ခံပါတယ်” လို့ ၎င်းတို့က ပူးတွဲ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အစ္စရေးနိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှုပြုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရုတ်သိမ်းဖို့ မိမိတို့ အီရန်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဇူလိုင်လ ၃၁ ရက်က အီရန်နိုင်ငံမှာ ဟားမာစ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံ ရမှုနဲ့ပတ်သက်လို့ အီရန်က အစ္စရေးကို လက်တုံပြန်ဖို့ ထုတ်ဖော်ပြောနေချိန်မှာ ကမ္ဘာ့အင်အားကြီးတိုင်း ပြည်တွေက အခုလို တောင်းဆိုတာပါ။

အီရန်နဲ့ မဟာမိတ်တွေကြောင့် ဒီသတင်းပတ်အတွင်း တစ်စုံတစ်ရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အစ္စရေးနိုင်ငံရဲ့ အကဲဖြတ်မှုကို အမေရိကန်နိုင်ငံက သိရှိတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြော ရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား – NHK
Ref; US, 4 European nations call on Iran to refrain from attacking Israel

#Ayeyarwaddy_Times