ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

ထိုင်းဝန်ကြီးချုပ်အဖြစ် တစ်နှစ်သက်တမ်းသာ တာဝန်ယူရသေးသည့် ဖွေထိုင်းပါတီဝင် ဆေ့ထာ ထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ယနေ့ ဩဂုတ် ၁၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် ရှေ့နေဟောင်း Pichit Chuenban ကို ဝန်ကြီးခန့်အပ်ခြင်းအပေါ် ကျေနပ်ခြင်းမရှိသည့် ထိုင်းအထက်လွှတ် တော်အမတ် ‌‌‌‌‌၄၀ က ပြီးခဲ့သည့် မေလတွင် တရားရုံးကို တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံ၏ဆုံးဖြတ်ချက်မှာ အတည်ဖြစ်ပြီး အယူခံဝင်ခွင့် မရှိတော့ကြောင်း သိရသည်။

တရားရုံး၏ ယခု ဆုံးဖြတ်ချက်သည် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကိုဖြစ်စေခဲ့ပြီး စီးပွားရေးကဏ္ဍ အတွက်လည်း စိုးရမ်မှုများ မြင့်တက်လာ စေကြောင်း သိရသည်။

ဆေ့ထာထဝီဆင်ကို ဝန်ကြီးချုပ်အဖြစ် ရာထူးမှဖယ်ရှားခံရသည့်တွက် ယခင် နိုင်ငံရေးပါတီများမှ တင်သွင်းခဲ့သည့် ဝန်ကြီးချုပ်လောင်းများထဲမှ ဝန်ကြီးချုပ်အသစ်ကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

အသက် ၆၀ အရွယ် ဆေ့ထာထဝီဆင်သည် ထိုင်းအိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးဖြစ်ကာ ဝန်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်၏သမီးဖြစ်သူပါဝင်သည့် ဖွေထိုင်းပါတီမှဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်တွင် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူခဲ့ခြင်းဖြစ်သည်။

ကိုးကား – Nikkei Asia
Ref; Thai Constitutional Court removes PM Srettha from office

#ထိုင်းဝန်ကြီးချုပ် #ဆေ့ထာထဝီဆင် #Ayeyarwaddy_Times