
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်စိုးရိမ်ရေမှတ်ဆက်ဆက်တည်ရှိပြီး သံလွင်မြစ်ရေသည် လာမည့် ၃၅ နာရီအတွင်းစိုးရိမ်ရေမှတ် ကျဆင်းမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)၏ ယနေ့ ဩဂုတ် ၁၀ ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရသိရသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်စိုးရိမ်ရေမှတ်ထက် ၅၅ စင်တီမီတာရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း ၁၅ စီတီမီတာခန့်ကျဆင်းနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ်ထက် ၄၀ စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း စိုးရိမ်ရေမှတ်အောက်သို့ကျဆင်းနိုင်ကြောင်းသိရသည်။
ပြီးခဲ့ရက်ပိုင်းအတွင်းက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ပဲခူးမြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်၊ ဘီးလင်းမြစ်၊ တနင်္သာရီမြစ်တို့ ဖြစ်သန်းစီးဆင်းရာဒေသအချို့တွင်ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ယင်းဒေသတွင် လူဦးရေ ရှစ်သိန်းကျော်နေထိုင်၍ လူဦးရေနှစ်သိန်းကျော်ရေဘေးသင့်ခဲ့ရကြောင်း ကုလသမဂ္ဂစားနပ် ရိက္ခာအဖွဲ့ (WFP) ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ဘားအံဒေသခံတစ်ဦး
ပုံစာ – သံလွင်မြစ်ရေကျလာသည့် ဘားအံ့မြို့မြင်ကွင်း
#စစ်တောင်းမြစ် #မဒေါက်ရေကြီး #စိုးရိမ်ရေမှတ်ရှိ #သံလွင်မြစ်ရေကျ #Ayeyarwaddy_Times