
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်း ရှစ် ခုနှင့် လက်နက်ခဲယမ်း အများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDF က သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ ၁၄၈၊ ကျောက်ဖြူရွာတပ်စခန်းနှင့် လိပ်ကျရွာတပ်စခန်းတို့ကို ယနေ့ ဩဂုတ် ၁၀ ရက်နေ့တွင် ထပ်မံသိမ်းပိုက်ခဲ့၍ စစ်ကောင်စီ၏ တပ်စခန်း ရှစ် ခုအထိ သိမ်းပိုက်နိုင် ခြင်းဖြစ်ကြောင်း MDY- PDF က ထုတ်ပြန်ထားသည်။
MDY- PDF သည် ယမန်နေ့ ဩဂုတ် ၉ ရက်နေ့က သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်းသုံးဆယ်ရွာ၊ လက်ပံပြန့်၊ ဖိုကုန်း၊ ဝက်သေရွာနှင့် ဖက်ရှည်ရွာတပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်သည်။
ယမန်နေ့က သိမ်းပိုက်ခဲ့သည့် သပိတ်ကျင်းရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်စခန်းသည် မိုးကုတ်မြို့ နယ်တွင် တိုက်ပွဲများဖြစ်ပွားစဉ်က မြို့အတွင်းရှိ ဒေသခံများကို တိုက်ပွဲအတွင်း ပိတ်မိရန် ပိတ်ဆို့တား မြစ်ခဲ့သည့် တပ်စခန်းဖြစ်ကြောင်း သိရသည်။
အဆိုပါတပ်သည် မိုးကုတ်ဒေသခံများကို ကုန်ပစ္စည်းသယ်ယူမှုများကအစ ခွင့်မပြုခဲ့သည့်အတွက် အခြေခံစားသောက်ကုန်များ ပြတ်လပ်သည်အထိ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ တပ်စခန်းကို သိမ်းပိုက်ရရှိချိန်တွင် စခန်းအတွင်းမှ လက်နက်ခဲယမ်းများအပြင် ဒရုန်းများကိုပါ သိမ် ဆည်းရမိခဲ့ကြောင်း သိရသည်။
MDY-PDF အနေဖြင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပြီး မိုးကုတ်ဗျူဟာအဖွဲ့မှလည်း ပူး ပေါင်းပါဝင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-MDY-PDF
#မန္တလေး #သပိတ်ကျင်း #စစ်ကောင်စီ #တပ်စခန်း၈ခု #MDYPDF #သိမ်းပိုက် #Ayeyarwaddy_Times