
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်
မြန်မာ့အကျပ်အတည်း ကူညီဖြေရှင်းမယ့် အာဆီယံ Troika Plus အစည်းအဝေးကို ယခုနှစ် အာ ဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ကျင်းပနိုင်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၈ ရက် မှာ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ ၅၇ ကြိမ်မြောက် အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးမှာ အာဆီယံ Troika Plus အစည်းအဝေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို ယ ခုနှစ် အာဆီယံဉက္ကဌ လာအိုနိုင်ငံက လက်ခံခဲ့တယ်လို့ အာဆီယံရေးရာဉီးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ် Bolbongse Vangphaen က ပြောပါတယ်။
“လက်ရှိမှာ အာဆီယံ Troika Plus အစည်းအဝေးကို ဘယ်အချိန်ကျင်းပမယ်ဆိုတာကို အာဆီ ယံဉက္ကဌနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” လို့ သူက ဆိုပါတယ်။
“အောက်တိုဘာလမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲပြီးမှသာ အာဆီယံ Troika Plus အစည်းအဝေးကို ကျင်းပဖို့ မျှော်မှန်းရပါတယ်” လို့ အာဆီယံအဖွဲ့တည်ထောင်မှု ၅၇ နှစ်ပြည့် အာဆီယံ နေ့အခမ်းအနားမှာ ၎င်းက မီဒီယာတွေကို ပြောပါတယ်။
ထိုင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ပြည်တွင်းရေးပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မြန် မာနိုင်ငံကို စုပေါင်း ကူညီပေးနေပါတယ်။ တိုင်းပြည်တွင်းမှ သက်ဆိုင်သူအားလုံးက တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိ မရှိဆိုတာ မြန်မာနိုင်ငံအပေါ် မူတည်နေတယ်လို့ Bolbongse Vangphaen က ပြောပါ တယ်။
“မြန်မာပဋိပက္ခက မြန်မာနိုင်ငံနဲ့ အရှည်လျားဆုံး နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံအပါအဝင် အာဆီယံကို သက်ရောက်မှုဖြစ်စေလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံး တွေ့ဆုံဆွေးနွေးဖို့ အာဆီ ယံအဖွဲ့ဝင်နိုင်ငံတွေက နားချနေတာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ကိုးကား – Bangkok Post
Ref; ASEAN mulls Troika Plus meet date
#Ayeyarwaddy_Times