ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်

ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အရှေ့အလယ်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာလို ပဋိပက္ခ ဘေးသင့်ဒေသတွေက သူ့နိုင်ငံသားတွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး ဘေးလွတ်ရာရွှေ့ ပြောင်းရေးမှာ ကူညီပေးနေပါတယ်။

အဆိုပါဒေသတွေက ဗီယက်နမ်နိုင်ငံသားတွေအတွက် အကာအကွယ်ပေးမှုနဲ့ပတ်သက်လို့ မေး မြန်းမှုတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ Doan Khac Viet က အခုလို တုံ့ပြန်ခဲ့တာပါ။

မလိုအပ်ရင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေကို သွားရောက်တာ ရှောင်ကြဉ်ကြ ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံသားတွေကို အကြံပြုပါတယ်။

ဗီယက်နမ်နိုင်ငံသားတွေ အဆိုပါဒေသတွေကို ရောက်ရှိနေပါက ၎င်းတို့နဲ့ ၎င်းတို့ပိုင်ပစ္စည်းတွေ ကို ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့နဲ့ ဗီယက်နမ်နိုင်ငံသို့ ပြန်ကြဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်း ပါတယ်။

ဗီယက်နမ်နိုင်ငံသားတွေအတွက် ဘေးကင်းလုံခြုံရေး အစီအမံတွေ လုပ်ဆောင်ပေးဖို့ အရှေ့အ လယ်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံရှိ ဗီယက်နမ်သံရုံးတွေက ဒေသန္တရအာဏာပိုင်တွေကို မေတ္တာရပ် ခံခဲ့ပါတယ်။

ဗီယက်နမ် ကိုယ်စားလှယ်ရုံးတွေက လိုအပ်ပါရင် သူ့နိုင်ငံသားတွေကို ကာကွယ်ပေးမယ့် စီမံ ချက်တွေ အကောင်အထည်ဖော်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

“သတင်းအချက်အလက်တွေကို လိုက်နာဖို့၊ ဒေသန္တရ အာဏာပိုင်တွေရဲ့ အကြံပြုချက်တွေနဲ့ နိုင် ငံခြားရေးဝန်ကြီးဌာအပြင် ဗီယက်နမ် ကိုယ်စားလှယ်ရုံးတွေရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ အ ထက်ဖော်ပြပါတိုင်းပြည်များမှ မိမိနိုင်ငံသားတွေကို အကြံပြုပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကိုးကား – Viet Nam News
Ref; Citizen protection efforts underway in conflict zones of Middle East, Bangladesh, Myanmar
#Ayeyarwaddy_Times