
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်
ကာကွယ်ရေးစွမ်းရည်နဲ့ ဒီမိုကရေစီမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ကြိုးပမ်း နေတဲ့ ထိုင်ဝမ်က လာမယ့်နှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ဒေါ်လာ ၁၉ ဒသမ ၇၆ ဘီလီယံအထိ စံ ချိန်တင် တိုးမြှင့်မယ်လို့ သမ္မတ လိုင်ချင်တေးက ကြေညာလိုက်ပါတယ်။
အဆိုပါ ကာကွယ်ရေးဘတ်ဂျက်ဟာ ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မျှော်မှန်းဝင်ငွေ ဒေါ်လာ ၉၆ ဒသမ ၁၂ ဘီလီယံရဲ့ ၂၀ ရာခိုင်နှုန်းခန့်ရှိပြီး ပြီးခဲ့တဲ့နှစ် ကာကွယ်ရေးအသုံးစရိတ်ထက် ၆ ဒသမ ၇ ရာ ခိုင်နှုန်း တိုးလာတာဖြစ်ပါတယ်။
“ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရေး မြှင့်တင်ဖို့နဲ့ ဒီမိုက ရေစီမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားပါတယ်” လို့ မိန့် ခွန်းတစ်ခုအတွင်း လိုင်ချင်တေးက ဆိုပါတယ်။
ထိုင်ဝမ်မှာ လူမှုဘဝ သက်သာချောင်ချိရေး၊ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အသုံးစရိတ်ပြီးရင် စစ်ရေးအသုံးစရိတ်က စတုတ္ထအများဆုံး ဖြစ်ပါတယ်။
ကာကွယ်ရေးအသုံးစရိတ် အဆိုပြုချက်ကို ထိုင်ဝမ်လွှတ်တော်က အတည်ပြုရမှာဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပုံမှန်တိုးလာခဲ့တာဖြစ်ပါတယ်။
ထိုင်ဝမ်က နှစ်စဉ် စစ်ရေးအသုံးစရိတ် တိုးမြှင့်ခဲ့လင့်ကစား ၂၀၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအ တိုင်းအတာအရ အဆင့် ၂၁ ရှိတယ်လို့ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသန အင်စ တီကျု့ (SIPRI) က ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာကွယ်ရေးဘတ်ဂျက် ဒုတိယအများဆုံး သုံးစွဲတဲ့တိုင်းပြည်ဖြစ် ပြီး ၂၀၂၃ ခုနှစ်အတွင်း တရုတ်ရဲ့ စစ်ရေးအသုံးစရိတ်ဟာ တိုင်းပြည် GDP ရဲ့ ၁ ဒသမ ၇ ရာခိုင်နှုန်းနဲ့ညီ မျှတဲ့ ဒေါ်လာ ၂၉၆ ဘီလီယံ ရှိခဲ့တယ်လို့ SIPRI က ပြောပါတယ်။
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ အဆိုပြုချက်ဟာ ထိုင်ဝမ်ရေလက်ကြားမှာ တင်းမာမှုတွေ မြင့်တက်နေစဉ် ဖြစ်လာတာပါ။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးဘတ်ဂျက် တိုးမြှင့်သုံးစွဲဖို့ အမေရိကန် တာဝန်ရှိသူတွေက ထိုင်ဝမ်ကို တိုက်တွန်းခဲ့ပါတယ်။
“ကာကွယ်ရေးဘတ်ဂျက် မတိုးမြှင့်ရင် ထိုင်ဝမ်က တရုတ်ရဲ့ကျူးကျော်တိုက်ခိုက်မှုကို ကာကွယ် နိုင်စွမ်းရှိမှာ မဟုတ်ဖူး” လို့ အမေရိကန် လွှတ်တော်အမတ် မိုက်ကယ်မတ်ကောက မေလအတွင်း ထိုင် ဝမ်ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – RFA
Ref; Taiwan proposes biggest ever defense spending of US$19.7 billion
#Ayeyarwaddy_Times