
ဧရာဝတီတိုင်းမ်
သြဂုတ် ၁၀ ရက်
မြန်မာမြောက်ပိုင်း အပါအဝင် တိုင်းပြည်တွင်း အခြေအနေတွေကို မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်း နှီးသော အိမ်နီးချင်းအနေနဲ့ တရုတ်နိုင်ငံက အနီးကပ် စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပြောပါတယ်။
စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဆုံးရှုံးပြီးနောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာ န အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း နေပြည်တော်သို့ ရောက်ရှိလာခဲ့တယ်လို့ မြန် မာနိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
တိန့်ရှီကျွင်းရဲ့ မြန်မာခရီးစဉ်ကို အတည်ပြုပေးနိုင်ခြင်း ရှိ မရှိနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ တ ရုတ်နိုင်ငံမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ စီစဉ် ပေမယ့် စစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းမရှိတာကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးနိုင်ခြင်း ရှိ မရှိ AFP သတင်းဌာနက မေးမြန်းရာမှာ မော်နင်က အခုလို ဖြေကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်ပွဲတွေ၊ မတည်မငြိမ်ဖြစ်နေတာကို တရုတ်နိုင်ငံက မမြင်တွေ့လိုပဲ မြန်မာနိုင်ငံ မြောက်ပိုင်း အပါအဝင် တိုင်းပြည်တွင်းမှာ မကြာမီ တည်ငြိမ်မှု ပြန်လည်ရရှိဖို့ မျှော်လင့်တယ်လို့ ၎င်းက ပြောပါတယ်။
တိုက်ခိုက်တာတွေ ရပ်တန့်ဖို့၊ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းဖို့၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှုအပြင် တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်လာစေရေးလုပ်ဆောင်ဖို့ တရုတ်နိုင်ငံ က တိုက်တွန်းတယ်လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တက်ကြွစွာ ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး မြန် မာ့ငြိမ်းချမ်းရေးအတွက် အတတ်နိုင်ဆုံး ပံ့ပိုးကူညီမယ်လို့ သူက ကတိပြုပါတယ်။
ကိုးကား – http://us.china-embassy.gov.cn
Ref; Foreign Ministry Spokesperson Mao Ning’s Remarks on August 9, 2024
#Ayeyarwaddy_Times