ဧရာဝတီတိုင်းမ်
သြဂုတ် ၉ ရက်

သီတင်းပတ်ချီ လူထုဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ပြီး နောက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မက်ယူနွတ်က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအဖွဲ့ခေါင်း ဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။

ယမန်နေ့က ဒါကာမြို့တော်မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ မူဟမ်မက်ယူနွတ်ကို ကြားဖြတ် အစိုးရအဖွဲ့ရဲ့ အကြံပေးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ မူဟမ်မက်ယူနွတ်ဟာ အစောပိုင်းနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လာခဲ့တာဖြစ်ပါတယ်။

တရားဥပဒေစိုးမိုးရေးကို ဦးစားပေးမှာဖြစ်ကြောင်း၊ အကြမ်းဖက်မှုနဲ့ ဉပဒေကင်းမဲ့မှုက ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကြီးမားဆုံးရန်သူတွေက သူက သတင်းထောက်တွေကို ပြောပါတယ်။

မူဟမ်မက်ယူနွတ်ဟာ ဆင်းရဲသားပြည်သူတွေကို ချေးငွေထုတ်ချေးတဲ့ Grameen Bank ထူ ထောင်သူဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ သူနဲ့အဆိုပါဘဏ်က နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။

ပြည်သူ့ဝန်ထမ်း အလုပ်အကိုင်ခန့်ထားရေးမူဝါဒနဲ့ပတ်သက်လို့ ကျောင်းသားတွေခေါင်းဆောင် တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ပြည်သူတွေ သေဆုံး သို့မဟုတ် ဒဏ်ရာရရှိပြီးနောက် ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတ်ခ်ဟာစီနာအစိုးရ ပြုတ်ကျပြီးနောက်ပိုင်း အဓိကရုဏ်းတွေ မဖြစ်ပွား ခဲ့ပေမယ့် လုံခြုံရေးအခြေအနေ မတည်မငြိမ်ဖြစ်နေဆဲပါ။

ကြားဖြတ်အစိုးရအဖွဲ့က ရွေးကောက်ပွဲတစ်ရပ် ကျင်းပရမှာဖြစ်ပြီး အဓိကစိန်ခေါ်မှုက အာဏာရ ပါတီနဲ့ အတိုက်အခံပါတီကြား ကာလရှည် သဘောထားကွဲလွဲမှုကို ကျော်ဖြတ်ဖို့နဲ့ ဒီမိုကရေစီ နိုင်ငံရေးစ နစ်တစ်ခု တည်ဆောက်ဖို့ဖြစ်ပါတယ်။

ကိုးကား – NHK
Ref; Muhammad Yunus sworn in as leader of Bangladesh interim government

#Ayeyarwaddy_Times