ဧရာဝတီတိုင်းမ်
သြဂုတ် ၉ ရက်

ဒီနှစ်မှာ ဒရုန်းအစင်းရေ ၁ သန်း ထုတ်လုပ်မယ့် သဘောတူညီချက်တွေကို အစိုးရက လက်မှတ် ရေးထိုးလိုက်ပြီလို့ ယူကရိန်းသမ္မတ ဇလန်စကီးက ပြောပါတယ်။

ဇီလန်စကီးက အင်္ဂါနေ့မှာ အခုလို ကြေညာခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်း ဒရုန်းထုတ်လုပ်မှု စတင် မှာဖြစ်ကာ ဒရုန်းတွေကြောင့် ယူကရိန်းက စစ်ပွဲမှာ အားသာချက်ရရှိနေတယ်လို့ ဆိုပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ဇူလိုင်လအတွင်း ရုရှားစစ်တပ်ထက်ပိုပြီး ဒရုန်းတွေကို အသုံးပြုခဲ့တာ လို့ ၎င်းက ပြောပါတယ်။

ရုရှားနိုင်ငံဟာ မနေ့က ကိယက်ဗ်မြို့တော်နဲ့ အခြားဧရိယာတွေကို တိုက်ခိုက်ဖို့ အသေခံဒရုန်း ၈၉ စင်း စေလွှတ်ခဲ့ရာ ရုရှားစစ်တပ်ရဲ့ အကြီးမားဆုံးသော ဒရုန်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပါတယ်။

ယူကရိန်းစစ်တပ်ဟာလည်း ပြီးခဲ့တဲ့ စနေနေ့က ရုရှားနိုင်ငံတောင်ပိုင်းရှိ လေယာဉ်ကွင်းတစ်ခု၊ ရေနံချက်စက်ရုံနဲ့ အခြားပစ်မှတ်တွေကို ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ယူကရိန်းနဲ့ရုရှားဟာ စစ်ပွဲမှာ သိသာသော အကျိုးသက်ရောက်မှုတစ်ရပ် ရရှိတာကြောင့် နှစ်နိုင် ငံစလုံးက ဒရုန်းထုတ်လုပ်မှု တိုးချဲ့ဖို့ ကြိုးပမ်းနေပါတယ်။

ဝေဟင်နဲ့ရေကြောင်း ဒရုန်းတိုက်ခိုက်မှုတွေ အဓိကဆောင်ရွက်မယ့် လက်နက်ကိုင်အဖွဲ့ရဲ့ သီး ခြားတပ်ဖွဲ့ခွဲတစ်ခု ဒီနှစ်အတွင်း ထူထောင်မယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အီရန်နိုင်ငံထုတ် အသေခံဒရုန်းတွေကို ကြီးမားစွာ မှီခိုနေရပါတယ်။

ရုရှားအစိုးရဟာ အခုဆိုရင် ပုဂ္ဂလိကကဏ္ဍနဲ့ပူးပေါင်းပြီး ပြည်တွင်း ဒရုန်းထုတ်လုပ်မှု တိုးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ယူဆရပါတယ်။

ကိုးကား – NHK
Ref; Ukraine military signs contract to produce one million drones

#Ayeyarwaddy_Times