(ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ်ထွက်စေတဲ့ ဆန္ဒပြပွဲတွေအတွက် ပါကစ္စတန်နဲ့ အမေရိကန်ကို ၎င်းက အပြစ်ဖို့)

ဧရာဝတီတိုင်းမ်
သြဂုတ် ၉ ရက်

ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးခဲ့တဲ့ ရှိတ်ခ်ဟာစီနာဟာ သူ့မိသားစု ဆယ်စုနှစ်ချီ နေထိုင်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်လာမယ့်အစီအစဉ် မရှိ ဘူးလို့ သိရပါတယ်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘယ်တော့မှပြန်မှာမဟုတ်ဖူးလို့ သူက ပြောပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်မိသားစုဝင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်မှာမဟုတ်ဖူးလို့ သူက ကျွန်တော့်ကို ပြောခဲ့ပါ တယ်” လို့ ရှိတ်ခ်ဟာစီနာရဲ့သားဖြစ်သူနဲ့ အစိုးရအဖွဲ့ အကြံပေးတစ်ဉီးဖြစ်တဲ့ ဆာဂျစ်ဝါဇာဒ်က ဝါရှင် တန်မြို့တော်မှာ ဖုန်းအင်တာဗျူးတစ်ခုအတွင်း ပြောပါတယ်။

ရှိတ်ခ်ဟာစီနာ ရာထူးမှနှုတ်ထွက်တာဟာ ခေတ်သစ်သမိုင်းကာလအများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင် ငံကို အုပ်ချုပ်ခဲ့တဲ့ မိသားစုတစ်စုရဲ့ခေတ်ကာလ အဆုံးသတ်သွားတာပဲဖြစ်ပါတယ်။

ရှိတ်ခ်ဟာစီနာရဲ့ဖခင် ရှိတ်ခ်မူဂျီဘူရာမန်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ပြီး ၁၉၇၁ ခုနှစ်မှာ လွတ်လပ်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ခု ဖြစ်စေခဲ့တဲ့ ပါကစ္စတန်ထံမှ လွတ်လပ်ရေးရ ယူမှုကို ဦးဆောင်ခဲ့ပါတယ်။

တနင်္လာနေ့က ရှိတ်ခ်ဟာစီနာနဲ့ သူ့ရဲ့အစ်မတို့ကို အိန္ဒိယနိုင်ငံသို့ထွက်ခွာမယ့် လေယာဉ်တစ် စင်းပေါ်မှာ တွေ့ခဲ့ရပါတယ်။ ရှိတ်ခ်ဟာစီနာတို့ကို ဒေလီမြို့က လျှို့ဝှက်နေရာတစ်ခုသို့ ရွှေ့ပြောင်းခဲ့ပြီး လိုအပ်သလောက် နေထိုင်သွားမယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။

ရှိတ်ခ်ဟာစီနာဟာ ဒေလီမြို့ကို ရောက်ရှိပြီးနောက် စကားပြောဆိုခဲ့ကြောင်း၊ သူက ကျန်းမာရေး နဲ့ စိတ်အခြေအနေ ကောင်းမွန်ပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကစဉ့်ကလျားအခြေအနေနဲ့ မကြာသေးမီ သီတင်းပတ်တွေအတွင်း ရာနဲ့ချီ သတ်ဖြတ်ခံရတာကို စိတ်မကောင်းဖြစ်နေတယ်လို့ ဆာဂျစ်က ပြောပါ တယ်။

ရှိတ်ခ်ဟာစီနာက ပဉ္စမသက်တမ်း ကုန်ဆုံးချိန်မှာ အငြိမ်းစားယူဖို့ စီစဉ်ခဲ့ပြီးဖြစ်ကြောင်း၊ ဖွံ့ဖြိုး ဆဲတိုင်းပြည်တွေမှာ ရွေးကောက်ပွဲတွေကို ဆက်တိုက်အနိုင်ရတဲ့ ခေါင်းဆောင်တွေကို မမျှမတ အာဏာ ရှင်တွေလို့ ခေါ်ဆိုကြတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ရှိတ်ခ်ဟာစီနာကို ရာထူးမှနှုတ်ထွက်စေတဲ့ ဆန္ဒပြပွဲတွေအတွက် သူက ပါကစ္စတန်နဲ့ အမေရိ ကန်နိုင်ငံကို အပြစ်ဖို့ခဲ့ပါတယ်။

“ပါကစ္စတန်နဲ့ အမေရိကန်က ဘင်္ဂလားဒေ့ရှ်ပြည်တွင်းရေးမှာ ကြားဝင်စွက်ဖက်တဲ့ အထောက် အထားတွေမရှိပေမယ့် သေချာတာကတော့ ပါကစ္စတန်နိုင်ငံက စွက်ဖက်ခဲ့ပါတယ်” လို့ ၎င်းက ဆိုပါ တယ်။

အမေရိကန်နိုင်ငံက ၎င်းတို့ ပိုမိုထိန်းချုပ်လို့ရတဲ့ ပြည်ပအစိုးရတွေကို ပိုသဘောကျပြီး ရှိတ်ခ် ဟာစီနာ အာဏာရှိနေသရွေ့ ထိုသို့လုပ်နိုင်မှာမဟုတ်ဘူးလို့ သူက ပြောပါတယ်။

ကိုးကား – Bloomberg
Ref; Bangladesh’s Sheikh Hasina won’t return, her son says

#Ayeyarwaddy_Times