
ဧရာဝတီတိုင်းမ်
ဩဂုတ် ၈ ရက်
ရန်ကုန်တိုင်း ဒဂုံမြို့သစ် သုံးမြို့နယ်တွင် 66kV ဧရာဝဏ် (၁)ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သည့်အတွက် မလာသည့်မီး ပြတ်ဦးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေး ထုတ်ပြန်ထားသည်။
ဒဂုံမြို့သစ်တောင်ပိုင်းမြို့ နယ်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် လာမည့် သြဂုတ် ၉ ရက်နေ့ နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီ အထိ ၄ နာရီကြာ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီအထိ ဓာတ်အား ပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေး ထားဆောင်ရွက်သွားမည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဆိုထား သည်။
#ရန်ကုန် #ဒဂုံမြို့သစ်၃မြို့နယ် #မီးပြတ်တောက် #လျှပ်စစ်ဓာတ်အားပေး #Ayeyarwaddy_Times