ဧရာဝတီတိုင်းမ်
သြဂုတ် ၈ ရက်

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး ဒီမိုကရေစီ အတိုက်အခံပါတီ Move Forward Party (MFP) ကို ဖျက်သိမ်းဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။

MFP ဟာ ပြီးခဲ့တဲ့နှစ် အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံး အနိုင်ရရှိခဲ့ပြီး လူ ကြိုက်များဆဲဖြစ်ပေမယ့် ထိုင်းခုံရုံးရဲ့အမိန့်ကြောင့် ထောက်ခံသူတွေရဲ့ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်ပါ တယ်။

MFP ရဲ့ တော်ဝင်ဉပဒေပြင်ဆင်ဖို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကတိကဝတ်က သက်ဉီးစံ ပိုင်ဘုရင်စနစ်ကို ဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်ရှိပြီး ဘုရင်ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ ပြုတ်ကျစေနိုင် တယ်လို့ ထိုင်းခုံရုံးက ပြောပါတယ်။

ထိုင်းခုံရုံးက MFP ခေါင်းဆောင် ပီတလင်ဂျာရုတ်နဲ့ အခြားပါတီခေါင်းဆောင်တွေကိုလည်း နိုင်ငံ ရေးလှုပ်ရှားမှုတွေ ၁၀ နှစ်မလုပ်ဖို့ ပိတ်ပင်ခဲ့ပါတယ်။

“ပြည်သူကို ကိုယ်စားပြုတဲ့ ပါတီရဲ့အရေးပါမှုကို ထိုင်းခုံရုံးက ထည့်မတွက်ပုံပါပဲ။ ထိုင်းခုံရုံးဟာ ပြည်သူ့အသံရဲ့ အရေးပါမှုကို မကြည့်တဲ့ပုံပဲ” လို့ MFP ထောက်ခံသူတစ်ဉီးက ပြောပါတယ်။

တော်ဝင်ဉပဒေပြင်ဆင်ဖို့နဲ့ နိုင်ငံရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှု အဆုံးသတ်ဖို့ လူငယ်တွေကို ကတိ ကဝတ်ပေးပြီး MFP က အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တာပါ။

ဒါပေမယ့်လည်း MFP ဟာ ညွန့်ပေါင်းအစိုးရဖွဲ့ရာမှာ မပါဝင်ခဲ့ပဲ အတိုက်အခံပါတီတစ်ခုသာ ဖြစ်လာခဲ့ပါတယ်။

MFP ရဲ့ တော်ဝင်ဉပဒေပြင်ဆင်ဖို့ ကြိုးပမ်းချက်ဟာ ဖွဲ့စည်းပုံအခြေခံဉပဒေနဲ့ မညီညွတ်ဘူးလို့ ထိုင်းခုံရုံးက ဇန်နဝါရီလအတွင်း ပြောကြားခဲ့ပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က MFP ကို ဖျက်သိမ်းဖို့ ခုံရုံးကို မတ်လအတွင်း တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Thai court dissolves popular opposition party

#Ayeyarwaddy_Times